၅.၂ {U}

3.9K 857 68
                                    

Unicode

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်း -
Chapter 5.2

ON JULY 26, 2021 BY HOT TOFU

Arc 1 : ရင်ခွဲရုံထဲမှ ထူးဆန်းသောအသံ

လက်မှပတ်တီးလေးကိုငေးကြည့်ရုံဖြင့်၊
အန်းလင်၏မျက်လုံးများသည်
ကမ္ဘာပေါ်ရှိအဖိုးအထိုက်တန်ဆုံးသော
ရတနာကိုကြည့်နေသည့်အလား
နူးညံ့ညင်သာမှုအပြည့်နှင့်ဖြစ်သည်။
ထိုပတ်တီးမှာ ဒေါက်တာယောင်း
ကိုယ်တိုင်စည်းပေးခဲ့တာဖြစ်သည်။

ထိုကိစ္စကိုတွေးလိုက်သည့်အခါတိုင်း၊
အန်းလင်၏နှလုံးသားသည် မလုပ်ယူပါဘဲနှင့်
တဒုတ်ဒုတ်ခုန်လာသည်မှာယခုပတ်တီးလေးသည် ဒေါက်တာယောင်းနှင့်ဆက်သွယ်ထားသည့်
ကြိုးလေးတစ်ခုအလားပင်။သူအနေဖြင့်
သူ၏ဒဏ်ရာကိုဘယ်သောအခါမှ
ပြန်မကောင်းလာစေဖို့အတွက်
မျှော်လင့်သည်။ထိုအခါမှသာ
သူချစ်ရပါသောဒေါက်တာယောင်းထံ
ချဉ်းကပ်နိုင်ဖို့ရာ ဆင်ခြေပေးနိုင်မည်ဖြစ်သည်။

ထိုအရာမှာရှက်စရာကောင်းသော်လည်း၊
ထိုနည်းလမ်းကသာလျှင် သူ့အတွက်တော့
ကောင်းကင်ပေါ်ရှိတိမ်များထက်တောင်
ဝေးကွာသည့်ဒေါက်တာယောင်းနှင့်နီးကပ်နိုင်မည့်တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။

သူသည်တကယ်ကိုစက်ဆုပ်အထင်မြင်သေးစဖွယ်
ဗီလိန်တစ်ယောက်ဖြစ်သည်...
သို့သော် သူအရမ်းပျော်သည်။
အဘယ့်ကြောင့် သူလိုမျိုးလူက အခုလိုပျော်ရွှင်မှု
အပြည့်အဝကိုခံစားနိုင်ဖို့အတွက်ဖြစ်နိုင်ပါ့မလဲ?

အန်းလင် သန့်ရှင်းရေးပစ္စည်းများအားလုံးကို
လုံခြုံရေးစတိုခန်းငယ်ထဲသို့ ပြန်ထည့်လိုက်ပြီး
အနားယူရန်အထဲရှိခုံတန်းငယ်လေးပေါ်သို့
ထိုင်ချလိုက်သည်။သူ့လက်မောင်းပေါ်ရှိ
ပတ်တီးဖြူလေးကိုငေးမောရင်း
သူ၏နှုတ်ခမ်းလေးများမှာအပေါ်သို့
တွန့်ကွေးနေလေသည်။
သိပ်ကိုမှ ဖြူစင်သည့်အပြုံးလေးဖြစ်သည်မှာ
ထင်ရှားလှသည်။သို့သော် မှောင်မဲကာမှိုစော်နံ့နေသည့် လုံခြုံရေးစတိုခန်းငယ်လေးထဲတွင်ကြည့်ရသည်မှာ၊အနည်းငယ်စွဲလမ်းစိတ်ပြင်းပြနေသည့်
ပုံပေါ်သည်။

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now