၂.၁ {U}

5.5K 1K 82
                                    

Unicode

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်း -
Chapter 2.1

ON JULY 9, 2021 BY HOT TOFU

Arc 1 : ရင်ခွဲရုံထဲမှ ထူးဆန်းသောအသံ

ယောင်းယီ ယခုဆေးရုံ၌အလုပ်ဆင်းသည်မှာ
တစ်လကျော်ရုံလေးသာရှိသေးသော်လည်း၊
ထိုအချိန်ကာလအတွင်း
အန်းလင်ကို အကြိမ်အနည်းငယ်သာ
မြင်ဖူးသည်။သို့သော်လည်း၊တစ်ဖက်လူ၏
မှတ်သားရလောက်သည်အထိ ထူးခြားသော
ခန္ဓာကိုယ်အစိတ်အပိုင်းများကြောင့်၊
ယောင်းယီသည် ထိုလူအပေါ်တွင်
ကောင်းမွန်သည့်ထင်မြင်ချက်ရှိသည်။

အန်လင်းသည် ထွားသည်၊အရပ်မှာ ၆ ပေ ၇ လက်မနီးပါးမြင့်ကာ ကြီးမားထွားကျိုင်းသော ခန္ဓာကိုယ်ရှိသည်။ယခုလို မြို့ငယ်လေးထဲရှိ အမျိုးသားအများစု၏ပုံမှန်အရပ်မှာ
၅ ပေ ၆ လက်မတောင်မကျော်သည့်အတွက်၊
အန်းလင်သည် လူများကြားထဲတွင် အမြဲထင်းနေလေ့ရှိသည်။
ခေတ်ဟောင်းစတိုင် လုံခြုံရေးဝတ်စုံကို
ဝတ်ဆင်ထားတာတောင်မှ၊
သူနှင့်လိုက်ဖက်နေဆဲဖြစ်သည်။
ခန္ဓာကိုယ်ရှိ ကြွက်သားများသည် စမတ်ကျကာတောင့်တင်းနေသော်လည်း၊
ဗလကြီးများကဲ့သို့ ပြန့်ကားမနေ။သူ၏ခန္ဓာကိုယ်
ကောက်ကြောင်းမှာ ချောမွေ့ပြီး အားမာန်အပြည့်နှင့်
ဖြစ်သည်။

အကယ်၍ သူ၏ခြေလက်အင်္ဂါကသာ
ပုံမှန်လူတစ်ယောက်အတိုင်း
ကျန်းမာနေပါလျှင်၊
ယခုလို သန်မာသည့်ကိုယ်လုံးကိုယ်ပေါက်နဲ့သာဆို
အမျိုးသမီးများအကြားအလွန်
ရေပန်းစားမည့်လူဖြစ်သည်။
သို့သော် သနားစရာကောင်းစွာဖြင့်၊
အန်းလင်၏ ဘယ်ခြေထောက်သည် ထိခိုက်ထားပြီး၊သူ၏မျက်နှာတစ်ဝက်တိတိကို မွေးရာပါအမှတ်သားကြီးက ဖုံးအုပ်ထားလေသည်။
အခြားလူအပေါ် သက်တောင့်သက်သာမဖြစ်စေသော သူ၏ပုံပန်းသွင်ပြင်နှင့် ခန္ဓာကိုယ်ထွားကျိုင်းမှုတို့
ပေါင်းစပ်လိုက်သည့်အခါ တစ်ဖက်လူအများ၏
အကြောက်တရားနှင့်ရွံရှာမှုတို့၏ သားကောင်ဖြစ်သွားခဲ့ရသည်။ ပုံမှန်မဟုတ်သည့်မွေးရာပါ
ထိုအရာများကြောင့်၊ယခုဆေးရုံတွင်
အန်းလင်၏အဆင့်အတန်း
အတော်လေးနိမ့်ပါးသည်မှာ ထုံးစံဖြစ်သည်။

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now