၁၀.၁ {U}

3.8K 730 141
                                    

Unicode

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်း -
Chapter 10.1

ON Aug 11, 2021 BY HOT TOFU

Arc 1 : ရင်ခွဲရုံထဲမှ ထူးဆန်းသောအသံ

လူနာဆောင်ထဲမှထွက်သွားသည်နှင့်,
ယောင်းယီကော်ရစ်တာတစ်လျှောက်
နံရံဘက်သို့ကျောကိုကပ်ရင်းလျှောက်နေခဲ့သည်မှာ,
နောက်ထပ်မကောင်းဆိုးဝါးတစ်ကောင်ထပ်ထွက်လာမည်ကိုအလွန်စိုးရိမ်ကြောက်လန့်နေသည့်အလား။

""ငါမထွက်ခင်နှုတ်ထွက်စာတင်သွားရမယ်..ငါဒီနေရာကနေထွက်သွားဖို့လိုအပ်တယ်....""

ယောင်းယီတစ်ယောက်တည်းရေရွတ်ရင်း,
သူ၏နှလုံးသားထဲမှအခြေမကျသေးသည့်
မအီမသာစိတ်ကိုအဆင်ပြေလာစေရန်
ကြိုးစားနေခဲ့သည်။ကော်ရစ်တာတစ်လျှောက်လုံးရှိ
တိတ်ဆိတ်မှုသည်သူ့ကိုတဖြည်းဖြည်းစီ
ရူးသွပ်သွားအောင်လုပ်နေသည်ဟုခံစားရသည်။

သူတကယ်ကိုလုံလောက်သွားခဲ့ပြီဖြစ်သည်။

တကယ်လို့အန်းလင်သာသူ့ကိုလက်တုံ့ပြန်မည်ဆိုပါက,သူအနေဖြင့်ဘာမှပြန်မလုပ်ဘဲသေသွားမည့်အချိန်အထိဒီတိုင်းကြီးတော့ထိုင်စောင့်မနေနိုင်ပေ။ထို့အပြင်,အစောကြီးကတည်းကဝိဉာဉ်အတော်များများဖြင့်
တွေ့ခဲ့ရပြီးသားဖြစ်သည့်အတွက်နောက်တစ်ကောင်ထပ်ပိုလာရုံနှင့်ဘာမှမထူးဆန်းတော့ပေ။

သူဒီကနေထွက်သွားနိုင်သည်နှင့်အဝေးဆုံး,
အဝေးဆုံးဆီသို့ထွက်ပြေးသွားမှာဖြစ်ပြီး
ယခုမြို့ကြီးကိုဖုန်တောထဲ၌ထားခဲ့မှာဖြစ်သည်။
အဲ့အခါကျရင်ရောအန်းလင်၏ဝိဉာဉ်သည်
သူ့နောက်ကိုဆက်လိုက်လာရဲသေးသလား
ဆိုတာကြည့်ကြသေးတာပေါ့!

သူ၏အသိစိတ်မှလုပ်ဆောင်ဖို့ရန်
ငြင်းဆန်နေသည့်ကြားမှဒီလောက်ထိ
အချိန်အကြီးအခက်ခဲများစွာကြားထဲတွင်
ရှင်သန်အောင်ကြိုးစားနေခဲ့ရတာဖြစ်သည်။
တကယ်လို့သူသာအခုချိန်သေခြင်းတရားကို
လွယ်လွယ်လေးလက်ခံလိုက်မည်ဆိုပါက,
သူကြိုးစားခဲ့သမျှသည်ဟာသတစ်ခုသာ
ဖြစ်သွားလိမ့်မည်။

ယောင်းယီသူ၏တထိတ်ထိတ်တိုးနေသော
နားထင်သွေးကြောများကိုနှိပ်နယ်လိုက်သည်။
အသက်ရှင်စဉ်ကာလများအတွင်း
ခင်မင်ခဲ့သည့်သံယောဇဉ်များကိုမှမထောက်,
ကလဲ့စားခြေလိုစိတ်ဖြင့်သူ့ကို
ဒီအခြေအနေအထိရောက်အောင်
တွန်းပို့ခဲ့သည့်အန်းလင်ကိုသူတကယ်
အစိမ်းလိုက်ဝါးစားချင်နေခဲ့တာဖြစ်သည်။

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းOnde histórias criam vida. Descubra agora