အတွဲ ၁ , ၁.၁ { U }

11.4K 1.1K 246
                                    

Unicode

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်း -
Chapter 1.1

ON JULY 7, 2021 BY HOT TOFU

Arc 1 : ရင်ခွဲရုံထဲမှ ထူးဆန်းသောအသံ

လွန်ခဲ့သော ရှေးနှစ်ပေါင်းများစွာကတည်းက၊
လူတိုင်းလိုလို လက်ဆုပ်လက်ကိုင်
မဖော်ပြနိုင်သည့်အရာများအား ခေါ်ဆိုကြသည်မှာ
"" သဘာဝလွန်"" ဟူ၍ဖြစ်သည်။

အချိန်တွေ၊ရာသီတွေကူးပြောင်းလာသည်
နှင့်အမျှ၊
ဗုဒ္ဓနှစ်ဆန်း သုံးရာစုကုန်ဆုံး၍၊
၂၀၁၈ ပြက္ခဒိန်သို့ရောက်သည့်အခါ၊
ထိုသဘာဝလွန်အရာများ ပြန်လည်
အသက်ဝင်လာတော့သည်။
ဤကမ္ဘာလောကကြီး၌
မကောင်းဆိုးဝါး၊ ဝိဉာဉ်များ မြူးထူးပျော်ပါးနိုင်ခွင့်
တစ်ဖန်ပြန်လည်ရောက်ရှိလာလေသည်။
ကျွန်တော်တို့ ကိုယ်တိုင်တောင်မသိရှိလိုက်ရပါဘဲ၊
ရှေးခေတ်ရာဇဝင်များထဲ၌ ထိတ်လန့်ခြောက်ချားဖွယ်
အရာများအဖြစ် ဖော်ပြခြင်းခံခဲ့ရသောထိုအရာများ
သည် ကျွန်တော်တို့ကြား တိတ်တဆိတ်
စိမ့်ဝင်ထိုးဖောက်လာခဲ့သည်။

ပထမဦးဆုံး အစောပိုင်းကာလအစ၌၊
သူတို့ပေါ်လာသည့်အခါတိုင်း
ယခုကြယ်ပြာ အစိုးရအားလုံးသည် အများပြည်သူများထိတ်လန့်တကြားမဖြစ်စေရန် အမှန်တရားကိုဖုံးကွယ်ဖို့
ရွေးချယ်လေ့ရှိကြသည်။
သို့သော်၊အချိန်ကြာလာသည်နှင့်အမျှ၊
ထိုသဘာဝလွန်အရာများမှာ သာမန်ပြည်သူများအကြား
တဖြည်းဖြည်းချင်းစီ ထွက်ပေါ်လာတော့သည်။

ပထမဆုံးသော သရဲရာဇဝင်မှာ ရင်ခွဲရုံမှမီးဖြစ်သည်။

ထိုရာဇဝင်သည် Gui မြို့ရှိဆေးရုံတစ်ရုံမှ
စတင်ပေါ်ပေါက်လာခဲ့သည်။
ထိုဆေးရုံရှိရင်ခွဲရုံတွင် အလွန်တရာမှကို
ရုပ်ဆိုးအကျည်းတန်း၍ ခြေတစ်ဖက်သိမ်နေသည့်
အချိန်ပြည့်လုံခြုံရေးဝန်ထမ်းတစ်ဦးရှိလေသည်။
ထိုဝန်ထမ်းသည် အမြဲလိုလို မှုန်မှိုင်းနေကာ
တုံဏှိဘာဝေဖြစ်ပြီး၊
ဆေးရုံရှိအခြားသော ဝန်ထမ်းများ၏ ဖယ်ကြဉ်ခြင်းကိုခံထားရသူဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ထိုလူ၏မသန်မစွမ်းမှုနှင့်ပုံပန်းသွင်ပြင်ကြောင့်ဖြစ်ပြီး၊လူတိုင်းလိုလိုက ထိုလုံခြုံရေးဝန်ထမ်းအပေါ် အထင်အမြင်သေးကာ ကပ်ဆိုးကြီးသဖွယ်
ရှောင်ဖယ်ကြသည်။သို့သော်လည်း ထိုလုံခြုံရေးဝန်ထမ်းသည် ဆေးရုံရှိ သူနာပြုမလေးကို တိတ်တခိုးချစ်မိလေသည်။

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now