၁၈.၂ {U}

2.8K 559 86
                                    

Rumble—

ဒရိုင်ဘာသည်ကားအားစက်နိုးကာ
ဂိုထောင်ထဲမှမောင်းထွက်သွားတော့
သည်။ကားထိုင်ခုံအနောက်ထဲတွင်
ထိုင်နေသည့်ယွင်းယူသည်သူ၏
ရင်ဘတ်အိတ်ကပ်ထဲမှဘယက်လေး
တစ်ခုကိုဆွဲထုတ်ကာလှန်ဖွင့်လိုက်ချိန်
အထဲထဲတွင်ဓာတ်ပုံတစ်ပုံရှိနေလေသည်။

ထိုဓာတ်ပုံမှာအလုပ်သမားယူနီဖောင်း
ဝတ်စုံအားဝတ်ဆင်ထားသည့်ဆံပင်
အနက်ရောင်ပိုင်ရှင်မျက်ဝန်းအမည်း
လေးများဖြင့်ချောမောလှပသော
လူငယ်လေးတစ်ယောက်ဖြစ်ပြီး
ထိုကောင်ငယ်လေး၏အပြုံးသည်
အလွန်တောက်ပကာညို့ယူ
ဖမ်းစားထားနိုင်လှသည်။

ယွင်းယူ၏အမြဲလိုလိုအေးစက်ကာ
မပြောင်းလဲသောမျက်လုံးများသည်
သိမ်မွေ့ခြင်းများနှင့်ပြည့်နှက်သွားခဲ့
သည်။ထို့နောက်ဘယက်ထဲမှ
ကောင်ငယ်လေး၏အပြုံးကို
နူးညံ့ညင်သာစွာပွတ်သပ်ရင်းသူ၏
နှုတ်ခမ်းဖျားများသည်လည်း
မသိမသာတွန့်ကွေးသွားတော့သည်။

ထိုကောင်လေးသည်၊ဒီဘဝတွင်
သူအချစ်ရဆုံးလူသားဖြစ်သည်။

မကြာခင်မှာတင်၊သူတို့အတူတူ
ထာဝရရှိနိုင်ကြတော့မှာဖြစ်သည်။

"ရပ်"

ယွင်းယူသည်ဒရိုင်ဘာကိုလမ်းထောင့်
တွင်ပါကင်ထိုးရန်အမိန့်ပေးလိုက်သည်။
ထို့နောက်ကားမှန်တံခါးအားချကာ
သိပ်မဝေးကွာသည့်နေရာတွင်ရှိနေ
သည့်အိမ်ပြုပြင်ရေးစင်တာကို
လှမ်းကြည့်လိုက်သည်။

သူ၏ကောင်ငယ်လေးသည်
အရင်ကလိုဘဲစိတ်သောက
ရောက်နေသည့်မျက်နှာဖြင့်
ကိရိယာပုံးထဲမှပစ္စည်းများကို
အသုံးပြုကာဟိုကလိဒီကလိ
လုပ်နေတုန်းဘဲလား?

အိမ်ပြုပြင်ရေးစင်တာထဲသို့
လူများစွာဝင်လိုက်ထွက်လိုက်
လုပ်နေခဲ့တာတောင်မှသူရင်းနှီး
နေသည့်ပုံရိပ်လေးသည်
ပျောက်ဆုံးနေခဲ့သည်။

ယွင်းယူမျက်နှာတစ်ခုလုံးရုတ်တရပ်
အလွန်မှုန်မှိုင်းသွားတော့သည်။

~

"ဒါလင်၊ဒီ outfit လေးဆိုရင်
ရောဘယ်လိုလဲ?
ဒါလင် ကြိုက်လားဟင်?"

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now