၂၅.၂ {U}

1.9K 382 89
                                    

Chapter 25.1, Arc 2: ထပ်ခိုးထဲမှချစ်သူ

သွားပြီ၊ဒီတစ်ခေါက်တော့သူသေချာပေါက်
ရှာတွေ့တော့မယ်!

သူတော့စောက်ပြဿနာတက်ပြီ။
သူအနေနဲ့သရဲအရှေ့မှာတင်
ထွက်ပြေးဖို့ကြိုးစားနေတယ်ဆိုတော့
သူကြည့်ရတာတကယ်ကို
အသက်ရှင်ရတာငြီးငွေ့လာလို့ဘဲဖြစ်ရမယ်။

ယောင်းယီသူ၏တစ်ဒင်္ဂအတွင်း
စိတ်လိုက်မာန်ပါပြုလုပ်မိခြင်းကို
စတင်နောင်တရလာတော့သည်။
တကယ်လို့သူသာအစောကြီးကတည်းက
သိရှိထားပါကသူအနေဖြင့်အရင်ဆုံး
အစီအစဉ်ချပြီးမှယခုစံအိမ်ကြီးထဲကနေ
ထွက်ပြေးလွတ်မြောက်နိုင်မည့်
အခွင့်အရေးကိုလိုက်လံရှာဖွေမှာဖြစ်သည်။
အခုတော့သူ၏အတွေးများအားလုံးသည်
အပ်ချည်လုံးသဖွယ်ရှုပ်ထွေးသွားပြီး
သူအနေဖြင့်ဒီနေရာကနေတောင်
ထွက်ပြေးလွတ်မြောက်နိုင်ပါတော့မလားဟု သံသယဝင်လာတော့သည်။

အထူးသဖြင့်အခုလိုဆွဲယူရသည့်
လေးလံလှသောခရီးဆောင်
အိတ်ကြီးနဲ့ပါဆိုရင်ပေါ့ !

ယောင်းယီသူ၏ဘေးတွင်ရှိနေသည့်
ခရီးဆောင်အိတ်အား "သံကိုစတီးမဖြစ်ကောင်းလားဆိုသည့်"
အမုန်းမျိုးဖြင့်စိုက်ကြည့်လိုက်သည်။
သူ၏စိတ်အတွင်းမှလည်း
လွန်ခဲ့သောဆယ်မိနစ်ခန့်က
အချိန်ကိုပြန်သွားလို့ရပြီး
တုန်လှုပ်ခြောက်ခြားနေသည့်
သူကိုယ်သူသေသည့်အထိ
ရိုက်သတ်လို့ရပါစေဟုဆုတောင်းနေခဲ့သည်။

ရှပ် -

ခြေသံသည်တဖြည်းဖြည်းချင်းစီ
နီးကပ်လာသည်နှင့်အမျှ
ယောင်းယီ၏သွေးပျက်မှုသည်လည်း
တိုးမြင့်လာပြီးအသက်ညှာဆုံးသော
အပြစ်ပေးမှုကိုရရှိပါစေဆိုသည့်
မျှော်လင့်ချက်ဖြင့်သူကိုယ်သူ
အညံ့ခံရန်ပြင်ဆင်လိုက်တော့သည်။

သို့သော်မမျှော်လင့်စွာဖြင့်
အပြင်ထွက်တော့မည့်
စက္ကန့်ပိုင်းလေးအတွင်းတွင်
ရေခဲတမျှအေးစက်လှသော
အမျိုးသမီးလက်စုံသည်
အပြင်ထွက်ရန်ပြင်ဆင်နေသည့်
သူ့ကိုတားဆီးလိုက်သည်။

ရှူးး -

သူမ၏မျက်လုံးများသည်
သွေးကြောများထကာနီရဲနေခဲ့ပြီး
ပုံပျက်ပန်းပျက်ဖြစ်နေခဲ့သော
အမျိုးသမီး၏မျက်နှာပေါ်၌
ပုံမှန်မဟုတ်သည့်ပါးစပ်ကြီးအား
ဖြဲကားကာအလွန်ကြီးမားသော
အပြုံးကြီးဖြင့်ပြုံးပြနေခဲ့သည်။

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းOn viuen les histories. Descobreix ara