၂၇.၁ {U}

2.2K 389 22
                                    

Chapter 27.1, Arc 2: ထပ်ခိုးထပ်မှချစ်သူ

"အန်ကယ်၊ကျွန်တော်ပြောတာကိုနားထောင်ပါအုန်း။ဒီနေရာကတကယ်ကြီးကိုသေချာပေါက်တစ်ခုခုတော့မှားနေတယ်။လုံးဝဒီနေရာမှာသရဲရှိ-"

"ပါးစပ်ပိတ်ထား"

ကြွားလုံးများသာထုတ်ချင်နေသော
အသက်အလယ်အလတ်အမျိုးသားကြီးသည်
သူ၏ဘေး၌တကျီကျီဂကြောင်ကြောင်
လုပ်နေသည့် ရှောင်လုကိုလျစ်လျုရှုထားရင်း၊
(ရှောင်လု)ဘက်ကသာနောက်တစ်ကြိမ်
ထပ်မံပြီးပေါက်ကရလုပ်ရဲလုပ်ကြည့်
အခုဗီလာထဲကနေအကန်ထုတ်ခံရမည်ဆိုသော
အကြည့်ဖြင့်ခြိမ်းခြောက်လိုက်တော့သည်။
ထိုခြိမ်းခြောက်မှုသည်စကားဆက်ပြောချင်
နေသေးသည့်ရှောင်လုကိုစိတ်မပါသော်လည်း
ပါးစပ်ပိတ်သွားခဲ့သည်။

တကယ်ကြီးကိုအစစ်အမှန်ဘဲဟာ။

စိတ်ဓာတ်ကျနေသည့်မျက်နှာဖြင့်
ရှောင်လုဆူပုတ်သွားတော့သည်။

ဘာလို့သူ့ကိုဘယ်သူမှမယုံကြတာလဲ။
ဗီဒီယိုထဲမှာပါနေတဲ့အမျိုးသားကရှင်းရှင်းလင်းလင်းကြီးကိုအကူအညီတောင်းခံနေတဲ့ဟာ။

ရှောင်လုအုပ်စု၏အနောက်ဆုံးကိုမသိမသာ
လျှောက်သွားလိုက်သည်။
သူ၏အတန်းဖော်များနှင့်ယခုတန်ဖိုးကြီး
ဗီလာကြီးထဲမှအဖိုးတန်ပစ္စည်းများစွာကို
မရပ်မနားတရစပ်ကြွားနေသည့်
သူ၏ဦးလေးဖြစ်သူကိုကြည့်လိုက်ပြီးနောက်
သူ၏ဖုန်း screen ကိုငုံ့ကြည့်လိုက်သည်။

ပြောင်လက်နေသောဖုန်း screen ထဲတွင်၊
ပိန်သွယ်လှသောအမျိုးသားသည်
ကြမ်းပြင်ပေါ်၌အင်အားချိနဲ့စွာဖြင့်
တွားသွားနေသည့်ပုံကိုကြည့်ရသည်မှာ
ထိုလူအနေဖြင့်အလွန်ကြီးမားသည့်
ထိုးနှက်ချက်တစ်ခုကိုခံထားရသလိုမျိုးပင်။
ထိုလူ၏နောက်ကျောကိုကြည့်လိုက်မိရုံနှင့်တင် ရှောင်လုအနေဖြင့် မပြောပြနိုင်လောက်သည့်
သနားကရုဏာတရားကိုခံစားလိုက်ရသည်။

[Tofu : ယောင်းယီဘယ်လောက်တောင်
နာကျင်ခံစားနေရသလဲဆို
အခြားလူမြင်တာတောင်သနားရတဲ့အထိဘဲ :( ]

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းDonde viven las historias. Descúbrelo ahora