၂၉.၂ {U}

2K 380 13
                                    

original novel: 
在都市怪谈里谈恋爱[快穿]

Chapter 29.2, Arc 2: ထပ်ခိုးထပ်မှချစ်သူ

ယောင်းယီ "..."

သူအနေဖြင့်သည်းခံ၍ခေါင်းကိုငုံ့ထားဖို့ရန်သာ
တတ်နိုင်သည်။

ဤသို့ဖြင့်၊ထိုအုပ်စုတစ်စုလုံးသည်
သုံးလွှာထပ်သို့ဦးတည်နေသည့်လှေကားများဆီသို့တစိုက်မတ်မတ်လျှောက်သွားတော့သည်။
သို့သော်လည်း၊ဆယ်မိနစ်ကျော်လျှောက်လှမ်း
နေသည်ထိတိုင်အောင်၊လှေကားထိပ်ဆီသို့
မရောက်နိုင်သေးပေ။

ယောင်းယီမျက်နှာမှောင်မည်းသွားတော့သည်။

ဒါကနောက်ထပ်ဝိဉာဉ်နံရံကြီးဘဲမဟုတ်လား?

တွေ့ကြုံဖူးသည့်သူကတော့
အသားကျသွားခဲ့ပြီဖြစ်သည်။

ယောင်းယီသည်ယခုကဲ့သို့သော
အကျပ်အတည်းမျိုးနှင့်ရင်းနှီးထားပြီးသားလူ
ဖြစ်သော်လည်း၊အခြားလူများ၏
စိတ်အခြေအနေမှာတော့၊သူတို့အနေဖြင့်
ဘယ်လောက်ဘဲလျှောက်ကာတတ်လှမ်းနေပါစေ၊မူလနေရာကနေရွေ့လျားခြင်းမရှိသည်ကို
သိရှိလိုက်ရသည့်အခါမတတ်နိုင်စွာဖြင့်
ပြိုလဲကုန်ကြလေသည်။

လုရန်သည်သူ၏မတည်ငြိမ်သော
စိတ်အခြေအနေကိုပထမဆုံး
ဖော်ပြလာသူဖြစ်သည်။

နားကြားမဝံ့သာသည့်ကျိန်ဆဲသံများကို
ရေရွတ်ရင်းသူ၏ဘေးတွင်ရှိနေသမျှ
လူတိုင်းအပေါ်၌စိတ်မကျေမနပ်ဖြစ်ကာ၊
အနီးနားတွင်ရှိနေသည့်(ရန်ပြန်တွေ့ရန်အတွက်
အလွန်မောပန်းနေသော)ဝူကျွင်းနှင့်
စတင်ရန်ဖြစ်တော့သည်။

လမ်းတစ်လျှောက်လုံးချိန်းကြိုးကြီးဖြင့်
အချည်ခံထားရသည့်
ယောင်းယီသည်လည်းယခုအရူးအုပ်စု
အတွင်း၌မကျေမလည်ဖြစ်ကာ
လေထုတင်းမာလာသည်ကိုနှလုံးအတွင်းမှနေ၍
သူတစ်ပါးဒုက္ခရောက်နေသည်ကို
ကျေနပ်အားရမှုအပြည့်ဖြင့်ကြည့်ရှူနေခဲ့သည်။

ဟေ့၊ဒီကောင်တွေအုပ်စုကရူးသွပ်သွားဖို့
ထိုက်တန်တယ်!

"ခွေးမ၊နင်ကများအကြီးကိုအဲ့လို
ပြန်ခံပြောရဲတယ်ပေါ့"

လုရန်၏မျက်လုံးများသည်
ဒေါသကြောင့်ပြူးကျယ်လာခဲ့သည်။

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now