၁၁.၁ {Z}

1.7K 224 30
                                    

Zawgyi

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်း -
Chapter 10.1

ON Aug 11, 2021 BY HOT TOFU

Arc 1 : ရင်ခွဲရုံထဲမှ ထူးဆန်းသောအသံ

သံသယအပြည့်ပေါက်ဖွားလာသည့်,
ထျီရန်သည်ယောင်းယီကိုစစ်ဆေး
မေးမြန်းနေသည့်လေသံဖြင့်
မေးခွန်းများကိုတစ်ခုတစ်ခုပြီး
တစ်ခုမေးလာခဲ့သည်။

ယောင်းယီလည်းအစပိုင်းမေးခွန်းအချို့တွင်
ပူးပေါင်းကာစိတ်ရှည်လက်ရှည်
ဖြေပေးလာခဲ့သည်မှာစိတ်ရှည်မှုများ
ကုန်ဆုံးသွားပြီးရိုးရှင်းစွာတိတ်ဆိတ်သွားခဲ့သည့်
အချိန်အထိဖြစ်သည်။ယောင်းယီ Brain Cell လေးတစ်ခုတောင်ရှိမနေသည့်ယခုအုပ်စုထဲမှ
တစ်ယောက်ချင်းစီကိုစိုက်ကြည့်နေသည့်ပုံမှာ
သူတို့၏ဥာဏ်ရည်အစွမ်းအစများအပေါ်
အပြင်းအထန်သံသယဝင်နေသည့်အလား။

အဲ့ဒါတွေအကုန်လုံးကဘယ်လို
မေးခွန်းကြီးတွေလဲဟ? one + one ဆိုဘယ်လောက်ရသလဲမေးရင်တောင်
အဓိပ္ပါယ်ရှိနေသေး။တကယ်လို့ဒီလူတွေ
အကုန်လုံးသာအစောကြီးကတည်း
မရူးသေးဘူးဆိုရင်တောင်,
ရူးဖို့နီးကပ်နေလောက်ပြီ။

ထိုအချိန်မှသာဘေးဘက်တွင်
ဘာမှဝင်မပါဘဲရပ်နေသည့်
ဘေ့စ်ဘောဦးထုပ်နှင့်လူငယ်လေး၏
အသိစိတ်မှာပြန်ဝင်လာတော့သည်။
ထို့နောက်အရာအားလုံးတည်ငြိမ်သွားစေရန်
မဆိုင်းမတွဖြေရှင်းပေးခဲ့ပြီး,
ခါးသက်နေသည့်မျက်နှာဖြင့်

""ကျွန်တော်တို့တောင်းပန်ပါတယ်,ဘရိုရာ,
ကျွန်တော်တို့အတော်လေး
ဆိုးဆိုးရွားရွားဖြစ်တဲ့အထိ
အခြောက်ခံခဲ့ရလို့ပါ။ပြီးတော့အဲ့ကိစ္စကိုလည်း...
ကျွန်တော်တို့ဘက်ကဘာမှပြန်မလုပ်နိုင်ခဲ့ဘူး""

""ကျွန်တော်တို့သိပ်မကြာခင်လောက်က
နိုးနိုးလာချင်းမှာဘဲ,ကျွန်တော်တို့ကိုယ်
ကျွန်တော်တို့ဒီနေရာမှာတွေ့လိုက်ရတာ။
အဲ့ဒါကကျွန်တော်တို့ကိုလုံးဝ
မျက်ကန်းသွားစေခဲ့တယ်။ကျွန်တော်တို့
ဒီနေရာကဘယ်နေရာလဲဆိုတာကို
မေးမြန်းနိုင်ဖို့အတွက်တစ်ယောက်ယောက်
ကိုရှာဖွေနေတုန်းမှာဘဲ,ဟိုနားလောက်မှာ
ရှိတဲ့ဝန်ဆောင်မှုကောင်တာကနေ
သူနာပြုပုံစံဝတ်စားထားတဲ့အမျိုးသမီးအချို့
ကိုတွေ့လိုက်ရတယ်။အစကကျွန်တော်တို့
တွေးခဲ့တာက,နောက်ဆုံးတော့ဒီနေရာမှာ
လူတွေကိုရှာတွေ့သွားပြီဆိုပြီးပေါ့,
အဆုံးကျမှသာ,အဲ့အရာကြီးတွေက
နောက်ကနေကြည့်ရင်သာမန်သူနာပြုတွေနဲ့
တထပ်တည်းတူညီနေပြီးသူတို့ခေါင်းတွေကို
နောက်လှည့်လာမှသာ,ဘယ်ပြောကောင်းပါ့မလဲ။
သူတို့တွေရဲ့မျက်နှာတွေအကုန်လုံးက
လုံးဝကိုလောင်ကျွမ်းထားလို့
စုတ်ပြတ်သတ်နေတာဗျ!သူတို့ရဲ့မျက်နှာပေါ်က
အရေပြားတွေကလည်းကွာကျနေပြီး,သူတို့ရဲ့
ထူးထူးခြားခြားဖြူဖွေးနေတဲ့သွားတွေ
ကြားထဲကနေသွေးမည်းအရည်တွေ
စီးကျနေတာ။အဲ့ဒါကအရမ်း
ကြောက်စရာကောင်းတယ်,
တကယ်ကိုသွေးပျက်ချင်စရာကောင်းတယ်!""

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now