အတွဲ ၂, ၃၂ {U} ဇာတ်သိမ်း

4.4K 385 55
                                    

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်း

အတွဲ ၂, ၃၂ ဇာတ်သိမ်း။

ထပ်ခိုးထပ်မှချစ်သူ

နောက်တစ်နေ့နိုးထလာသည့်အခါ၊ယောင်းယီ
သည်ကုတင်ပေါ်တွင်အချိန်အတော်ကြာသည့်
တိုင်အောင်မထနိုင်ဘဲလှဲလျောင်းလျက်ရှိ
နေခဲ့ပြီးသူအနေဖြင့်မနေ့ညက
ရူးသွားသည်ဟုတွေးနေမိသည်။

သူဘာအတွက်ကြောင့်အငြိုးကြီးသည့်ထိုတစ္ဆေ
နှင့်ဘယ်ကနေဘယ်လိုအိပ်မိခဲ့သလဲဆိုတာကို
နားမလည်နိုင်ခဲ့ပေ။

ထို့အပြင်အောက်နေရာကနေ၊
နေခဲ့ရသည်တဲ့လား!

ဒီကမ္ဘာကြီးမှာဘာတွေဖြစ်ကုန်ပြီလဲ!

ယောင်းယီကျေနပ်အားရနေသည့်ယွင်းယူကို
ကြည့်လိုက်ပြီးတိတ်ဆိတ်စွာဖြင့်
ဒေါသကြောင့်ဆို့နင့်သွားတော့သည်။

မနေ့ကဖြစ်ရပ်ပြီးသည့်နောက်၊

ထိုသရဲကိုကြည့်ရသည်မှာ
အရင်ကထပ်တောင်ပိုပြီးသူ့အပေါ်
တွယ်ကပ်လာခဲ့ပြီးသူဘယ်သွားသွား
အနောက်ကနေတကောက်ကောက်
လိုက်နေသည့်အပြင်
သူမတော်တဆဖြစ်မည်ကို
စိုးရိမ်သည့်အတွက်ကြောင့်
လိုက်ရတာပါဟုလည်း
ခိုင်ခိုင်မာမာပြောဆိုသေးသည်။

ဘယ်လိုတောင်ယုတ်တိမရှိလိုက်တဲ့
စကားတွေလည်း!

သူ့ဘေးမှာရှိနေတဲ့သူကမှအကြီးမားဆုံးသော
ဘေးအန္တာရာယ်မဟုတ်ဘူးလား?

ထိုသို့ပြောသော်လည်း
ယွင်းယူ၏ချောမောလှပသည့်မျက်နှာကို
ခရေစေ့တွင်းကျကျအနုစိတ်ကြည့်ရှုပြီးသည့်
နောက်ယောင်းယီသည်
သူ၏ခံတပ်ကိုတဖြည်းဖြည်းချင်းစီဖြိုချ၍
လက်နက်ချလိုက်သည်မှာ
ဖြစ်လိုရာဖြစ်ပါစေတော့ဟုတွေးလိုက်
သလိုမျိုးခံစားရသည်။

သူ၏အသက်အန္တရာယ်ကိုချိန်းခြောက်နေခဲ့
သည့်ဘေးအန္တရာယ်သည်
အချိန်အတော်ကြာကြီးကတည်းက
ပျောက်ကွယ်သွားသည်ဟု
ခံစားရသော်လည်းသူ၏ကိုယ်ပေါ်
ပက်ကျိတစ်ကောင်တစ်ချိန်လုံး
တွယ်နေသလိုမျိုးခံစားနေရခြင်းသည်
သူ့ကိုတကယ်ဘဲအသက်ရှုကြပ်လာစေသည်။

You've reached the end of published parts.

⏰ Last updated: Nov 30, 2022 ⏰

Add this story to your Library to get notified about new parts!

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now