Part 1

1.7K 93 22
                                    

"အသွင်...."
"အသွင်........"

"ငါ​ခေါ်တာမကြားဘူးလား​...​ဟျောင့်..ခန့်မှူးသွင်..."

​ ဇေသူရဦးတစ်​ယောက် ​နေ့လည်က​ကျောင်းမှာသူကြိုက်​​နေတဲ့ ခန့်မှူးသွင်ရဲ့သူငယ်ချင်း ခြူးစစ်ဟန်ကခန့်မှူးသွင်ကိုမုန့်​ပေးတာ​တွေ့လိုက်ခြင်းဖြစ်သည်။

​ဇေသူရဦးတွင်အမတစ်ဦးရှိသည် တစ်နှစ်ဘဲကွာသည်နာမည်ကသျှင်ယွန်းအိမ်ဖြစ်သည်။သူတို့​မောင်နှမနှစ်​ယောက်သည် ခန့်မှူးကိုငယ်ငယ်ကတည်းကအနိုင်ကျင့်ခဲ့ကြသည်။သျှင်ယွန်းသည်၄တန်းတွင် ​သွေးလွန်တုပ်​ကွေဖြစ်၍​​ကျောင်းတစ်နှစ်နားလိုက်ရသည်။ယခုသျှင်ယွန်းသည်​ဆယ်တန်းဖြစ်ပြီးဇေသူရဦးနှင့်အတန်းတူတူဖြစ်သည်။သူတို့​မောင်နှမသည် ခန့်မှူးသွင်နဲ့​ကျောင်းတူတူဖြစ်သည်။​အိမ်မှာအနိုင်ကျင့်၍မဝရင်​ကျောင်းမှာကျင့်ကြသည်။

"ဗျာ....လာပြီး..ကို​ဇေ.."

ခန့်မှူးသွင်တစ်​ယောက်မနက်ဖြန်ဆရာမ စာ​မေးမည်ဖြစ်​သော​ကြောင့် အခန်းထဲစာကျက်​​နေခြင်းဖြစ်သည်။အသွင်​ရောက်သွား​တော့ ကို​ဇေ​ဒေါသထွက်​နေပြီဖြစ်သည်။

"ကို​ဇေ..ဘာဖြစ်လို့လဲ"

"ဘာဖြစ်ရမလဲ မင်းကို​နေ့လည်က​ကျောင်းမုန့်​စျေးတန်းမှာခြူး မုန့်ဝယ်​ကျွေး​နေတာ​တွေတယ် လိမ်မယ်မကြံနဲ့"

"အဲ့တာက..ခြူး​ရဲ့​မွေး​နေ့မို့သူကအသွင့်ကိုမုန့်ဝယ်​ကျွေးတာပါ"

"​အေးပြီး​ရော..ငါ​တစ်ခါထဲ​ပြောထားမယ် ငါခြူးကိုကြိုက်နေတာမင်းသိတယ်မလား"

"သိပါတယ်...​ကို​ဇေ"

​"​နောက်တစ်ခါ ခြူးနဲ့ ငါမျက်စိနောက်​အောင်မ​နေနဲ့ ငါမကြိုက်ဘူး"

"ဟုတ်"

"မင်းသူကိုကြိုက်​နေတာလား"

​ဇေသူရဦးတစ်​ယောက်ခန့်မှူးကိုမသင်ကာသလိုကြည့်ပြီး​မေး​နေသည်။

"ဗျာ...မဟုတ်ပါဘူး..ခြူးကအသွင့်သူငယ်ချင်းပါ ရိုးရိုးသားသားပါပဲ"

"​အေး​ပါ..​နောက်မှာဘာသံညာသံမကြားချင်ဘူး"

"ဟုတ်"

မုသားဖြင့်လှည့်စား၍Where stories live. Discover now