Part 13

214 19 30
                                    

အသွင်တက္ကသိုလ်တက်လာတာယခုဆိုရင်စတုတ္ထနှစ်ဝက်ရောက်လာပြီဖြစ်သည်။အသွင်နှင့်ခြူးသာ တက္ကသိုလ်နောက်ဆုံးနှစ်ဖြစ်ကြသည်။ နှောင်း၊ဇေဇေ၊သျှင်ယွန်းနှင့်စစ်မင်းတို့ကကျောင်းပြီးသွားကြပြီဖြစ်သည်။

စစ်မင်းကတော့သူ့ဖေဖေနှင့်မေမေတို့ရှိရာဩစီးသို့ခဏပြန်သွားသည်။

နှောင်းကတော့သူ​၏ဖေဖေ​၏companyတွင်အတွေ့အကြုံရအောင်လေ့လာနေပြီးဖြစ်သည်။နောက်ပိုင်းတွင်သူဦးစီးတော့မည်ဖြစ်သည်။

ဇေဇေကတော့ သူ​၏မိခင်companyကိုဦးစီးနေပြီဖြစ်သည်။သျှင်ယွန်းကတော့ စက်ရုံကိုဦးစီးနေပြီဖြစ်သည်။မိခင်ဖြစ်သူဒေါ်နုနုအေးသည် ကျန်းမာရေးမကောင်းဖြစ်နေသည်ဖြစ်၍သားနှင့်သမီးဖြစ်သူကိုဦးစီးခိုင်းရခြင်းဖြစ်သည်။

ခြူးနဲ့ကိုဇေတို့ချစ်သူဖြစ်ပြီးနောက်ပိုင်း ခြူးနဲ့အသွင် သိမ့်မတွေ့ဖြစ်ကြတော့ပေ။ကိုနှောင်းနှင့်သာအတွေ့များလာသည်။အတူသွား အတူလာ ဖြစ်ခဲ့ကြသည်။ရည်းစားမရှိသောလူနှစ်ယောက်ပေါင်းမိကြသည်ဆိုပါတော့။

"ဟယ်လို....အသွင် ကိုယ့်ရောက်နေပြီနော်..ထွက်လာခဲ့တော့..."

"လာပြီ...ကိုနှောင်း..ခဏစောင့်.."

ခဏကြာတွင်တော့ ကားတစ်စီးပေါ်၌

"အသွင်....ဒီီနေ့ ပိတ်ရက်ဆိုတော့ ဘယ်သွားကြမလဲ ..."

"အရင်ချိန်တွေဆိုလူစုံတယ်နော်...အခုတော့ တစ်ယောက်တစ်နေရာဆီဖြစ်ကုန်ပြီး...."

"အော်...ကိုအသွင်...ကျွန်တော်မျိုးက...ဘယ်သွားမလဲလို့မေးတာ..."

"မသိဘူးလေ...ဘယ်သွားမလဲ.."

နှောင်းကမေးလာသည်ကိုအသွင်ကအမေးဘဲပြန်ပြောလိုက်သည်။

"ဟောဗျာ...ဘယ်သွားမလဲတောင်ကြိုမစဉ်းစားထားဘူးလား..."

"ဟဲဟဲ...ကိုနှောင်းသွားချင်တဲ့နေရာသာမောင်းတော့..အိမ်မှာပျင်းလို့သာ...အပြင်သွားမလို့လိုက်လာတာ.."

"ကောင်းရော...ဒါဆို...ကားကို အသွင်အိမ်မှာဘဲထားခဲ့မယ်...ဒီနေ့ ထူးထူးဆန်းဆန်း busကားနဲ့တစ်မြို့လုံးလိုက်လည်မယ် သွားမလား..."

မုသားဖြင့်လှည့်စား၍Where stories live. Discover now