အသွင်တစ်ယောက် မနက် 5နာရီထပြီး ခရီးတွက်ပြင်ဆင်ပြီး၍ ဧည့်ခန်းမှာ နှောင်းသခေတ် လာခေါ်မည်ကိုစောင့်နေလိုက်သည်။ဒီနေ့သွားမည့်ရက်မို့ ပျော်တဝက် စိတ်လှုပ်ရှားတစ်ဝက်ပင်။ဦးအောင်ခန့်နှင့် ဒေါ်မြလည်း အသွင်ကိုနှုတ်ဆက်ဖို့ဧည့်ခန်းမှာရှိနေကြသည်။ ခြံဝင်းထဲကားသံကြားတော့ အသွင်တို့နှောင်းသခေတ်ရောက်လာပြီးဆိုတာသိလိုက်သည်။ထို့နောက် အသွင် ဦးအောင်ခန့်နှင့်ဒေါ်မြလဲ ကားရှိရာကိုလာခဲ့ကြသည်။
"အသွင်..တပတ်ခရီးလဲ တပတ်မို့...ကိုယ့်ကိုကိုယ်ဂရုစိုက်နော်..."
ဒေါ်မြက အသွင်ကိုမှားတန်းခြွေနေလေ၏။
"ဟုတ်ကဲ့..."
"ကားဖြည်းဖြည်းမောင်းကြ..သွားသတိလာသတိနဲ့သွားကြ.....သားနှောင်းကိုလဲ သွင်လေးကိုအပ်ပါတယ်..စိတ်ချမယ်နော်.."
ဦးအောင့်ခန့်လဲ အသွင်နဲ့နှောင်းကို ခရီးမသွားခင် မှာနေ၏။
"ဟုတ်ကဲ့.."
"ဟုတ်ကဲ့..လေးလေး..အသွင်တို့သွားပြီနော်..လေးလေးနဲ့ဒေါ်မြလဲကျန်းမာရေးဂရုစိုက်နော်..လေးလေးလဲ...နားရက်ဆိုရင်အပြည့်အဝနားနော်..ရောက်ရင်ဖုန်းဆက်လိုက်မယ်နော်..""ကောင်းပြီး.."
အသွင်နဲ့နှောင်းလဲ ပြန်ဖြေလိုက်ပြီး ကားပေါ်တက်လိုက်ကြသည်။ထို့နောက် ကားက ခြံထဲကခွာလေသည်။ဦးအောင်ခန့်နှင့်ဒေါ်မြလဲ အိမ်ထဲသို့ပြန်ဝင်လိုက်သည်။
နှောင်းနဲ့အသွင်လဲ ဇေဇေတို့စောင့်နေသည့်(.......)သို့ မနက်စာစားဖို့ဦးတည်လိုက်သည်။ထိုစဉ်
"ကိုနှောင်း...ငွေဆောင်ရောက်ဖူးလား..."
အသွင်က ငွေဆောင်မရောက်ဖူး၍ နှောင်းသခေတ်များရောက်ဖူးလားဆိုပြီးမေးလိုက်သည်။အသွင်ရဲ့အမေးကို နှောင်းသခေတ်ကားမောင်းရင်း
"အင်...ရောက်ဖူးတယ်လေ...ဘာဖြစ်လိုလဲ.."
"ဘာမဖြစ်ပါဘူး...ဒီတိုင်းမေးကြည့်တာ၊အသွင်မရောက်ဖူးလို့..."
"ဘယ်လို...မရောက်ဖူးဘူး...ဟုတ်လို့လား..."
နှောင်းကကားကိုရှေ့ကြည့်မောင်းရင်း အသွင်ကမရောက်ဖူးဘူးဆိုတော့ သူအံ့ဩသွား၍အသွင်ဘက်လှည့်ပြီးမေးလိုက်သည်။အသွင်ငွေဆောင်ကိုမရောက်ဖူးတာ အမှန်ပင်။ငယ်ငယ်ကလဲ ဒေါ်နုနုအေးနှင့်နေရသည်ဖြစ်၍ နွေရာသီကျောင်းပိတ်လဲ ဘယ်မှမသွားဖြစ်ဘဲ အိမ်မှာဘဲနေခဲ့ရသည်။လေးလေးနဲ့နေပြန်တော့လဲ လေးလေးက အလုပ်နှင့်အမြဲရှုပ်နေတာမို့ သူသည်လေးလေးနှင့်ခရီးသွားဖူးပေမယ့် ငွေဆောင်တော့ မသွားဖူးပေ။
YOU ARE READING
မုသားဖြင့်လှည့်စား၍
ChickLitမုသားဖြင့် လှည့်စားရက်သူ မင်းမို့လှည့်စားရက်တယ် ငါ့မှာတော့မင်းရဲ့ အပြုံး ချိုချို မုသား လှလှလေးတွေ အောက်မှာ အဟုတ်မှတ်ပြီး မွေ့လျော်ခဲ့မိတယ် ပျော်ရွင်ခဲ့မိတယ် တကယ်တော့ ဒါတွေဟာ အစစ်မှမဟုတ်ခဲ့တာ.... ☆☆☆☆☆☆☆☆☆...