Part7

235 30 11
                                    


ဒီနေ့ခြူးမွေးနေ့ဖြစ်သည်။မနေ့ညက ခြူးဖုန်းဆက်ပြီး သူကို လာကြိုဖို့ပြောသည်အတွက် အသွင်ပြင်ဆင်ပြင်မနက်စာစားဖို့ဆင်းလာခဲ့သည်။အသွင်ရောက်ချိန်လေးလေးရောက်နှင့်နေပြီဖြစ်သည်။

"လေးလေး...အသွင်နည်းနည်းနောက်ကြသွားတယ် "

လေးလေး သွင်လေးကိုပြောတာကိုကြားပြီးနောက်လှည့်ကြည့်လိုက်တော့ သူတော်မောင်က ပုဆိုးအကျီ အဖြူ လက်ရှည်ကိုခေါက်ထားင်ပြီး ပုဆိုးနက်ပြာရောင်လေးကိုတွဲဖက်ဝတ်ထားသည်ကိုတွေ့၍မေးလိုက်သည်။

"သွင်လေး ဒီနေ့ဘာနေ့မို့လို့လဲ သွားစရာရှိလို့လားသား"

"ဒီနေ့ ခြူးမွေးနေ့လေ ဘိုးဘွားရိပ်သာမှာလုပ်အားပေးပြီးအလှူငွေထည့်ချင်လို့တဲ့ အဲ့တာသွားမလို့"

"အော် ခြူးလေး မွေးနေ့လား မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ လေးလေးဆုတောင်းပေးလိုက်ပါတယ်လို့"

"ဟုတ် လေးလေး "

အသွင်ပြန်ပြောလိုက်သည်။ဒေါ်မြကတော့နန်းကြီးသုပ်လာချပေးသည်။ထို့နောက်ဒေါ်မြကပြောလာသည်။

"ဒေါ်မြတို့သွင်လေးကတော့ ခန့်လိုက်တာကွယ် ခန့်လဲခန့်ချစ်ဖို့လဲကောင်း"

"ဟီးဟီး ဒေါ်မြပြောလို့ လေပေါ်မြောက်တက်တော့မယ် လှမ်းဆွဲထား "

"ဟား..ဟာ..."

ထမင်းစားခန့်၌ရယ်သံများထွက်ပေါ်လားသည် ။ဒေါ်မြနဲ့လေးလေးလဲ အသွင်ပြောတာကိုနားထောင်ပြီး ရယ်နေကြသည်။ထိုနောက်လေးလေးက

"သွင်လေး ခြူးတွက်မွေးနေ့လက်ဆောင်ကို နောက်နေ့ခြူးနဲ့ အပြင်သွားတာနဲ့ဆုံရင် ခြူးကြိုက်တာ ရွေးဝယ်ပေးလိုက်နော် လေးလေးပေးတဲ့မွေးနေ့လက်ဆောင်အနေနဲ့"

"ဟုတ်လေးလေး အသွင်နဲ့ခြူးတွက်မဝယ်ပေးရသေးဘူး အသွင်ရောလေးလေးရောပေးတာကိုနောက်နေ့မှ ခြူးနဲ့သွားဝယ်ပေးလိုက်မယ်"

"ကောင်းပြီး.. အဆင်ပြေသလိုလုပ်သွင်လေး မုန့်ဖိုးကိုသွင်လေး ကဒ်ထဲ ထပ်လွှဲထားပေးမယ်"
"အသွင့်မှာကျန်သေးတယ် လေးလေး"

မုသားဖြင့်လှည့်စား၍Where stories live. Discover now