Part 19

219 21 16
                                    

အလှအပ၊ပျော်ရွှင်မှု နွေးထွေးမှုတွေကိုယ်စီ ကိုယ်စီဖြင့်ပြည့်စုံနေတဲ့မိသားစုတွေ စုဝေးရာ ရန်ကုန်မြို့ရဲ့စီးပွားရေးတက္ကသိုလ်ဘွဲ့ခမ်းမသဘင် တနည်းအားဖြင့်နှောင်း၊ဇေဇေ၊စစ်မင်းနှင့်သျှင်ယွန်းတို့ဘွဲ့ယူမည့်နေရာ။

ကိုယ်စီကိုယ်စီမိသားစုသိုက်သိုက်ဝန်းဝန်းဖြင့်ပျော်ရွှင်နေသူများ။ကိုယ့်သားသမီးဘွဲ့ယူရမည်ဖြစ်၍ပျှော်မဆုံးပီတိဖြစ်နေကြသောမိဘများ။ဘွဲ့ယူရမည်ဆို၍စိတ်လှုပ်ရှားနေကြသူများ။ထို့သူများထဲတွင်လဲ နှောင်း၊ဇေဇေ၊စစ်မင်းနှင့်သျှင်ယွန်းတို့လေးယောက်အပါအဝင်။

အဖြူအင်္ကျီလက်ရှည်၊ပုဆိုးအနီရောင်ကွပ်စိမ့်လေးဖြင့် တည်သန့်ခန့်ညားနေသောသူမှာ နှောင်းသခေတ်ဆိုသူပင်။မျက်နှာမှာလဲ ပျော်ရွှင်ကြည်နူးမှုတွေကအတိုင်းအဆမရှိ။ဇေသူရဦးနှင့်စစ်မင်းအိမ်တို့မှာလဲ နှောင်းသခေတ်နှင့်အပြိုင်ခန့်ညားမှုအပြည့်။စိမ်းပြာရောင် ချိတ်ထဘီ ပိုးထည်အင်္ကျီလေးနှင့် လှသွေးကြွယ်နေသောသျှင်ယွန်းအိမ်။

သူတို့လေးယောက်မှာတော့ အဝေးကကြည့်ရင်တောင်မျက်စိထဲမှထင်ခနဲဖြစ်နေမှာအသေချာ။သူတို့လေးတွေရဲ့မိဘတွေကလဲပီတိကိုယ်စီဖြင့်။

ထို့နည်းပင် အင်္ကျီလက်ရှည်အဖြူ ပုဆိုးအပြာရင့်ရင့်ကွပ်စိမ့်လေးနှင့်ကလေးမကလူကြီးမကျချောမောနေသော ခန့်မှူးသွင်။ကော်ဖီရောင် အင်္ကျီလေး နှင့်ချိတ်ထဘီတို့ဖြင့် လှပကြော့ရှင်းနေသော ခြူးစစ်ဟန်။သူတို့နှစ်ယောက်သည်လဲ ဘွဲ့ယူကြမယ့် နှောင်းတို့လေးယောက်နှင့်အပြိုင်ပျော်ရွှင်ကြည်နူးနေကြသည်။

"မိသားစု...ဓာတ်ပုံရိုက်ကြမယ်လေ.."

အားလုံးဘွဲ့ယူလို့ပြီးစီချိန်၌ပြောလာသူမှာ နှောင်းသခေတ်ရဲ့မေမေဖြစ်သူ။သူမရဲ့မျက်နှာမှာတော့ ဂုဏ်ယူမှု ပီတိတွေပြည့်နှပ်လျှက်။သားဖြစ်သူဘွဲ့ယူသည်နေ့ဆိုတော့မပျော်တဲ့မိခင်ရှိပါ့အုံးမလား။

"သားနှောင်း...မိသားစုပုံရိုက်မယ်လာ..ပြီးမှ..သားသူငယ်ချင်းတွေနဲ့ရိုက်..."

မုသားဖြင့်လှည့်စား၍Where stories live. Discover now