Part 20

293 22 18
                                    


အသွင်တို့နောက်ဆုံးနှစ်ရဲ့ နောက်ဆုံးစာမေးပွဲဖြေရတော့မည်ဖြစ်သည်။အသွင်စာမေးပွဲတစ်ဘာသာဖြေပြီးတိုင်း ကျောင်းမှာနှောင်းလာကြိုနေကျဖြစ်သည်။

     ဒီနေ့လဲ အသွင်ရဲ့နောက်ဆုံးဘာသာဖြေမည့်ရက်ဖြစ်သည်။အသွင် ပြင်ဆင်ပြီးမနက်စာဆိုဖို့ ထမင်းစားခန်းသို့ဆင်းလာခဲ့သည်။

"ဟော...သွင်လေး...လာ..ဒေါ်မြရှမ်းခေါ်ဆွဲလုပ်ထားပေးတယ်.."

ထမင်းစားခန်းထဲဝင်လာသောအသွင်ကို ဒေါ်မြခေါ်ပြောလိုက်ခြင်း။

"မိုက်တာပေါ့...အဲ့ကြောင့်ဒေါ်မြကချစ်ဖို့ကောင်းနေတာ.."

အသွင်တစ်ယော​က်ဒေါ်မြကိုလာဖက်ပြီးချွဲကာဖြင့်။

"သား..သွင်လေး..ဖြေနိုင်ရဲ့လားသား..."

ဒေါ်မြကိုချွဲနေတုန်း ထမင်းစားခန်းထဲဝင်လာတဲ့လေးလေးကအသွင်ကိုမေးလိုက်သည်။

"ဖြေနိုင်တယ်..လေးလေး..."

​"ကောင်းတယ်ကောင်းတယ်..."
လေးလေးလဲပြောရင်း မနက်စာစားဖို့ ထိုင်ခုံမှာနေရာယူလိုက်သည်။အသွင်လဲ မနက်စာစားဖို့ထိုင်လိုက်သည်။

"လေးလေး...လိုက်ပို့ပေးရမလား...သွင်လေး"

စားရင်းမေးလာတဲ့လေးလေး။အသွင်ကားက စာမေးပွဲမဖြေခင်နှစ်ရက်အလိုမှာပျက်သွားလို့ပြင်ထားရခြင်းကြောင့်ဖြစ်သည်။

"အသွင်ကို...ကိုနှောင်းလိုက်ပို့ပေးတယ်..လေးလေး..."

"သားနှောင်း...ကအသွင်ကိုအရမ်းသံယောဇဉ်ရှိတယ်နော်..သူလိုက်ပို့မယ်ဆိုတော့လဲ..လေးလေးစိတ်ချပါတယ်.."

အသွင်လဲလေးလေးပြောတာကို ဘာမှပြန်မပြောဘဲခေါင်းသာငြိမ့်ပြပြီး ရှမ်းခေါက်ဆွဲကိုဆက်စားလိုက်သည်။ထို့နောက် လေးလေးက

"ဒီနေ့.နောက်ဆုံးနေ့မလားသွင်လေး..."

"ဟုတ်တယ်..လေးလေး..ရင်ထဲကအလုံးတော့ကျတော့မယ်..ဟဲဟဲ.."

အသွင်ပြောတော့ လေးလေးကသဘောကျစွာဖြင့်

"ဟားဟား...ကဲကဲစားစား..ကောင်းကောင်းဖြေခဲ့နော်...နောက်ဆုံးပိတ်အိတ်နဲ့လွယ်ပေါ့.."

မုသားဖြင့်လှည့်စား၍Where stories live. Discover now