Part 24

474 12 31
                                    

    ဒီနေ့က အသွင်တို့ ငွေဆောင်ရောက်နေခြင်းရဲ့သုံးရက်မြောက်နေ့ဖြစ်သည်။အသွင်တို့အုပ်စုခြောက်ယောက်စလုံးကမ်းခြေမှာရေဆော့နေကြသည်။အသွင်လဲ ရေဆော့နေရင်းမှ ကလေးလေးတစ်ယောက် အုန်းလတ်ဦးထုတ်များကိုကိုင်ပြီး လှည့်လည်ရောင်းတာတွေ့ရာ ထိုကလေးစီသို့သွားလိုက်သည်။

"ညီမလေး...တစ်ခုဘယ်လောက်လဲ.."

အုန်းလတ်ဦးထုပ်ရောင်းတဲ့ ကလေးမလေးက အသွဒီညနေ့ဦးထုပ်တွေအရောင်းပါးလို့စိတ်ညစ်နေရာ အသွင်ကဝယ်မည့်သဘောရှိသောကြောင့် ဝမ်းသာအားရဖြင့်

"1500.."

ကလေးမလေးပြောလိုက်ခြင်းမဟုတ် အသွင်နောက်ကပါလာသော နှောင်းကမချိုမချဉ်ဖြင့်ပြောလိုက်ခြင်း။အသွင်က နှောင်းဆီက ဘာရယ်မစုတ် "1500"ဆိုသောအတွေးကြောင့် စိတ်ထဲမလုံမလဲဖြစ်လာသည်။

"အင်..ဟိုအကိုပြောတာမှန်တယ်..တစ်ခု1500.."

"အဲ့ဆိုအကို့ကို..တစ်ခုပေး.."

"ဟ..မင်းကမင်းတွက်ဘဲဝယ်တာလား...ကပ်စီးနည်းလိုက်တာ.."

"ဘယ်သိမတုန်းဗျ..အဲ့ဆိုညီမလေးနှစ်ခုပေးနော်..."

ကလေးမလေးလဲ သူ့အရှေ့က အကိုနှစ်ယောက်ကြည့်ပြီး ရယ်နေတော့သည်။အသွင်ကကလေးမအရင်ပေးသော အုန်းလတ်ဦးထုပ်လေးကို နှောင်းမယူခင်ဦးစွာယူလိုက်ပြီး ဇေဇေတို့ရေကူးနေတဲ့ဘက်မသွားတော့ဘဲ ကမ်းစပ်အတိုင်လျှောက်သွားတော့သည်။ကလေးမလေးဆီ အုန်းလတ်ဦးထုပ်တွက် ပိုက်ဆံမရှင်းခဲ့ပေ မသွားခင်နှောင်းရှင်းဖို့ဆိုသည့်သဘောဖြင့် ကလေးမကိုမျက်စပစ်ပြီး အထာပေးလေသည်။

"အသွင်...အယ်...မလှိမ့်တပတ်လုပ်သွားတယ်.."

"ယောက်ဖတွက် supriseလို့သဘောထားလိုက်ဗျို့.."

နှောင်းက အဝေးသို့အနည်းငယ်ရောက်သွားဖြစ်သောအသွင်ကို မကျေမနပ်ဖြင့်အော်ပြောလေတော့ အသွင်လဲ ရွတ်နောက်နောက်ပြန်အော်ပြောလိုက်သည်။

"ရော့..ညီမလေး...5000နော်..2000ကမုန့်ဖိုးလို့သဘောထားလိုက်..."

နှောင်းလဲကလေးမလေးကိုပြောပြီး ဘေးကခုံပေါ်မှာသူ​၏နားကြပ်နဲ့ဖုန်းကိုယူ၍အသွင်နောက်သို့ပြေးလိုက်သွားတော့သည်။ကလေးမလေးကတော့ ထိုချောချောအကိုနှစ်ယောက်ရဲ့ကျောပြင်တွေကိုကြည့်ပြီးကျန်နေရစ်တော့သည်။

မုသားဖြင့်လှည့်စား၍Where stories live. Discover now