Part 21

275 17 13
                                    



အသွင်နဲ့ နှောင်းတို့နှစ်ယောက်သား ဇေဇေတို့အတွဲနှစ်တွဲနှင့်ချိန်းထားတဲ့ ဆိုင်သို့ရောက်ပြီး ဇေဇေတို့ဝိုင်းရှိရာကို ဦးတည်လိုက်သည်။

"မင်းတို့နှစ်ယောက်ကလဲ နောက်ကျလိုက်တာ..."

​ဇေဇေလဲသူတို့ဆီလာနေသော အသွင်နဲ့နှောင်းကိုမြင်၍လှမ်းပြောလိုက်ခြင်း။

"ဘာမှနောက်မကျဘူး..မင်းတို့သာ တက်ကြွတဲ့ကြက်ဖတွေဖြစ်နေတာ...ငါတို့ကပုံမှန်အချိန်ဘဲ..."

ဇေဇေအပြောကို နှောင်းက ပြန်ချေပလိုက်လေသည်။နှောင်းပြောတာလဲ မမှားပေ။သူတို့တွေသာစောရောက်နေကြခြင်း။နှောင်းနှင့်အသွင်က စောလဲမရောက်သလို နောက်လဲမကျ ပုံမှန်သာ။

​နှောင်းကပြောလိုက်တော့ ဇေဇေလဲဘာမှတော့ပြန်မပြောတော့ဘဲ "ထိုင်တော့"ဟူသည့်ပုံစံဖြင့် မျက်နှာထားလုပ်ပြလေသည်။

​အသွင်လဲ ဇေဇေနဲ့နှောင်းနှစ်ယောက် ပြောတာကို ပြုံးရုံသာပြုံးပြီး ထိုင်ခုံပေါ်ထိုင်လိုက်သည်။အသွင်တို့နှစ်ယောက် ရောက်လာတော့ waiterကောင်လေးကဘေးသို့ရောက်လာသည်။ထို့စဉ် မီနူးကြည့်နေသော နှောင်းမှ

" Americano တစ်ခွက်...အသွင်ရော.."

နှောင်းလဲ မီနူးကြည့်ပြီး သူသောက်ဖို့မှာလို့ပြီးတော့ အသွင်ဘာမှမလဲဆိုပြီ အသွင်နားကပ်ပြီးမေးလိုက်လေသည်။ဒါကမြင်သော ခြူးတစ်ယောက်က ပြုံးဖြီးသွားရသည်။ထို့နောက် အသွင်က

"သံပုရာရည်တစ်ခွက်.."

"Americanoနဲ့ သံပုရာရည် တစ်ခွက်စီနော်...ဒါဘဲလားဗျ..."

waiterကောင်လေးက ပိုသေချာကောင်းအသွင်ဘက်သို့မေးလိုက်ခြင်း။အသွင်နှင့်နှောင်းက ဒီဆိုင်ကိုလာနေကျဖြစ်သည်။ဇေဇေတို့ခြူးတို့နဲ့ မဆုံဖြစ်ရင်တောင် ဒီဆိုင်ကိုအမြဲရောက်ဖြစ်နေပြီးဖြစ်သည့်အတွက် waiterကောင်လေးက အသွင်နှင့်နှောင်းကို မှတ်မိနေပြီ ဖြစ်သည်။ waiterကောင်လေးက ပိုသေချာမေးသည်မှာ မထူးဆန်းပေ။အသွင်ကဒီဆိုင်ရောက်လာရင် သံပုရာရည်တစ်ခွက်နဲ့မပြီးပေ။ကျန်တာတွေ ဟိုတစ်ပွဲဒီတစ်ပွဲနှင့် အနည်းဆုံး သုံး၊လေးပွဲတော့ မှာစားသည် ဒီနေ့မှ သံပုရာရည်တစ်ခွက်တည်းဆိုတော့ waiterက ထူးဆန်းလိုမေးလိုက်ခြင်း။

မုသားဖြင့်လှည့်စား၍Where stories live. Discover now