Part 23

136 8 18
                                    

   မနက်ခင်း ငွေဆောင် ကမ်းခြေအလှကတမိုထူးခြားနေသည်။မနက်ခင်းဖြစ်သည်တွက် အအေးဓာတ်ကရှိနေသည်။ပင်လယ်အထက်က ကောင်းကင်မှာရှိတဲ့ မြူတွေစိုင်းနေသည်။အဝေးကကျွန်းတွေတောင် ခပ်ရိပ်ရျပ်ကလေးသာမြင်ရသည်။။မနက်ခင်းလေညှင်းလေက အေးစိမ့်စွာ တိုက်ခက်နေသည်။ကမ်းခြေဖြစ်သည်တွက် လှိုင်းဖွေးဖွေးခက်သံလေးကိုကြားနေရသည်။

      ခရီးစဉ်ရဲ့ ပထမဆုံးနေ့ မနက်7နာရီဝန်းကျင်မှာ နှောင်းတို့အုပ်စု ဟိုတယ်မှာဘဲ မနက်စာစားကြသည်။ထို့နောက် ကမ်းခြေမှာလမ်းလျှောက်ကြသည်။ခြူးကိုဇေဇေက ဓာတ်ပုံရိုက်ပေးနေသည်။သျှင်ယွန်းလဲ စစ်မင်းဖြင့်။ထိုအတွဲနှစ်တွဲက တစ်တွဲကိုတစ်တွဲအပြန်အလှန်ဓာတ်ဖမ်းနေကြသည်။အသွင်တစ်ယောက် cameraတစ်လုံးဖြင့် ပင်လယ်ရှုခင်းတွေရဲ့အလှကိုဓာတ်ပုံရိုက်နေသည်။ပင်လယ်ရှုခင်းတွေသာမက နှောင်းကိုလဲတခါတခါဆဓာတ်ပုံပေါ်တင်ရိုက်လိုက်၊ခိုးရိုက်လိုက်ဖြင့် အလုပ်ရှုပ်နေသည်။ထို့နောက် ခြောက်ယောက်ပေါင်းပြီး ပင်လယ်ကိုကျောပေးပြီး ရိုက်ကြသည်။

"ယောက်ဖ..ဟိုကျွန်းနာမည်ကဘာလဲ..."

​အသွင်ကဘေးကနှောင်းကိုမေးလိုက်ခြင်း။

"ချစ်သူများကျွန်းလေ...အခုအဲ့ကျွန်းအရင်သွားမယ်.."

"ဟျောင့်တွေ..လာကြ..ချစ်သူများကျွန်းကိုသွားမယ်.."

နှောင်းက ဇေဇေနှင့်စစ်မင်းတို့အတွဲဘက်ကိုလှမ်းပြောလိုက်ခြင်းဖြစ်သည်။

         ချစ်သူများကျွန်းဟာ ကမ်းခြေသို့ဆင်းလိုက်သည်နှင့်လှမ်းမြင်နေရသည်ကျွန်းပင်ဖြစ်သည်။ကျွန်းရဲ့ထူးခြားချက်မှာ ကမ်းခြေအလယ်မှာတည်ရှိပြီး ကျွန်းသို့ခြေလျင်သွားဖို့ သဲလမ်းလေးလဲရှိသည်။ရေတက်ချိန်ဆိုလှေဖြင့်သွားနိုင်ပြီး ရေအနည်းငယ်ကျချိန်ဆို လမ်းလျှောက်ပြီးသွားနိုင်သည်။လမ်းလျှောက်သွားလျှင်လဲ သဲလမ်းလေးပေါ် ရေကြည်ကြည်လေတွေက ခြေသလုံးတဝက်စာလောက်ရှိနေသည်။ရေကြည်၍ အောက်ကသဲမှုန်တွေတောင်မြင်နိုင်သည်။ရေဆွဲအားရှိတဲ့တွက်ကြောင့်သတိတော့ထားရမည်။အသွင်တို့အုပ်စုလဲကျွန်းသို့လမ်းလျှောက်၍သွားကြသည်။အနည်းငယ်ကြာတော့ ကျွန်းသို့အသွင်တို့ခြောက်ယောက်သာကျွန်းပေါ်သို့ရောက်သည်။အသွင်တို့လဲ ကျွန်းကဘုရားသို့သွားဖူးကြသည်။ထို့နောက် ရေသူမကျောက်ရုပ်ရှိရာသို့အသွင်ကသွားပြီး

မုသားဖြင့်လှည့်စား၍Where stories live. Discover now