Part5

291 38 10
                                    

အသွင်ဖုန်းလာ၍ကြည့်လိုက်တော့ကိုဇေ့ဖုန်းဖြစ်နေသည်။ကိုဇေဘာလို့ဖုန်းဆက်တာလဲ။ထို့နောက်အသွင်ဖုန်းကိုင်လိုက်သည်။

"ဟယ်လို...."

အသွင်လား....မနက်ဖြန်...ကိုဇေကျောင်းရှေ့စောင့်နေမယ် အခုမှစတက်တာဆိုတော့အဆင်မပြေမှာဆိုးလို့...ခြူးနဲ့ဘဲတူတူလာမှာမလား"

"ဟုတ်တယ်...ကိုဇေ...မစောင့်လဲရပါတယ်...အားနာစရာကြီး"

"အားနာစရာမလိုဘူးအသွင်...အချင်းချင်းတွေဘဲ....ကိုဇေစောင့်နေလိုက်မယ်....ဒါဘဲနော်ကိုဇေဖုန်းချလိုက်တော့မယ်"

​အသွင်လဲပြန်တောင်မပြောလိုက်ရဘဲကိုဇေဖုန်းချသွားသည်။

***********************************
"ခြူး...ငါနင့်အိမ်ရှေ့မှာငါအိမ်ထဲမဝင်တော့ဘူးနော်...."

"အေအေခဏစောင့်နော်..ငါဆင်းလာခဲ့မယ်"

"အင်...."

အသွင်ခြူးအလာကို facebookကြည့်ရင်စောင့်နေလိုက်သည်။

"အသွင်....sorryဟာ....ငါနည်းနည်းနောက်ကျသွားတယ်"

"အင်ရတယ်....ကိုဇေညကငါ့ဆီဖုန်းဆက်တယ်....ကျောင်းရှေ့မှာစောင့်နေမယ်တဲ့ငာတို့ကိုအခုမှစတက်တာဆိုတော့ အဆင်မပြေဖြစ်မှာဆိုလို့တဲ့"

"နင်ငါ့ကိုပြောရောပေါ့အခုနောက်ကျနေပြီ...အားနာလိုက်တာ"

"ရတယ်....စိတ်ရှည်ပာတယ်နင့်..ငါတို့ကိုဆိုရင်"

အသွင်အမြန်ပြင်ပြောလိုက်ရသည်။ကိုဇေပြောမှခြူးကိုပေးသိစေချင်သည်။

"ဦးသိန်း မောင်းလို့ရပြီနော်"

"လမ်းမှာဘယ်မှမဝင်တော့ဘူးမလား သွင်လေး"

"ဟုတ်မဝင်တော့ဘူး...."

"အေအေ.."

***************************************

"ဇေဇေဘာလုပ်ဖို့ငါတို့ကိုဒီကိုခေါ်လာတာလဲ"

"အသွင်နဲ့ခြူးလာမှာ သူတို့အဆင်ပြေအောင်လာစောင့်ပေးနေတာ သူတို့ကခုမှစတက်တာဆိုတော့"

​"အသွင်လား...."

"ဟုတ်တယ်မမ"

သျှင်ယွန်းလဲဘာမှမပြောဘဲနေ နေလိုက်သည်။နှောင်းကတော့ဇေဇေကအသွင်ထက်ခြူးကိုစောင့်နေတာပိုမှန်တာသိလို့မေးလိုက်သည်။

မုသားဖြင့်လှည့်စား၍Where stories live. Discover now