တစ်ပတ်လောက်ကြာသော်....
"လေးလေး...သွင်လေးတို့ရွှေတိဂုံဘုရားသွားရအောင်..မသွားတာလဲကြာပြီလေ"
"ဟုတ်တယ်နော်..မနက်ဖြန်သွားမယ်လေသွင်လေး..ဒေါ်မြပါခေါ်သွားမယ်"
"ဟုတ်...လေးလေး..သွင်လေး..ဒေါ်မြကိုသွားပြောလိုက်မယ်"
"အင်..သွားပြောချည်သွား..."
"ဟုတ်....ဒေါ်မြရေ.....ဒေါ်မြ"
အသွင်ပြောရင်ဒေါ်မြကိုအော်ခေါ်ရင်းဒေါ်မြဆီပြေးသွားသည်။
"သွင်လေး....ဘာဖြစ်လို့လဲသား...ရယ်...အကျယ်ကြီးဘဲ..ဘာဖြစ်လာတာလဲကွယ်..."
"ဟီးဟီး...ဟိုတာ...မနက်ဖြန်ကျရင်...ဒေါ်မြရယ် လေးလေးရယ် အသွင်ရယ်..အားလုံး..ဘုရားသွားမယ်လေ...မသွားတာလဲကြာပြီလေ..ဟုတ်ဘူးလား"
"အမလေးတော်...ဒါများအလန့်တကြားနဲ့...သားလေးလေးကိုပြောပြီးပြီလား..အားရောအားလို့လား..ကွယ်"
"သား..လေးလေးကိုပြောပြီးမှ ဒေါ်မြဆီလာတာပါ...ဟီးဟီး"
"အေပါကွယ်...မနက်ဖြန်မနက်ဘက်သွားမယ်လေ..နေလည်ပိုင်းဆိုဒေါ်လေးမြလဲပင်ပန်းတယ်ကွယ်...နေပူပြီလေအဲ့ချိန်ဆို"
"ဟုတ်...မနက်ဘက်ဘဲသွားမှာဒေါ်မြရဲ့.."
"အေအေ..သွင်လေး...ဒေါ်မြ...ဘုရားပန်းလဲလိုက်ဦးမယ်ကွယ်"
"ဟုတ်...ဒေါ်မြ"
အော်ခြူးလဲလိုက်မလားမသိဘူးဖုန်းဆက်မေးကြည့်လိုက်မယ်။အသွင် ခြူးကိုဖုန်းဆက်တာခြူးကမကိုင်။ခါတိုင်းဖုန်းဆက်ရင်ချက်ချင်းကိုင်နေတဲ့သူကဘာဖြစ်တာပါလိမ့်။ထိုစဥ် ခြူးစစ်ဟန်သည်....ဧည့်ခန်း၌ သူမ ဖေဖေနဲ့စကားပြောနေခြင်း ဖြစ်၍အခန်း၌ဖုန်းအားသွင်းရင်းထားခဲ့လိုက်ခြင်းဖြစ်သည်။
"သမီး...သားသွင်လေးနဲ့တူတူတက်မှာလား...ကျောင်းက"
"ဟုတ်တယ်ဖေဖေ...သမီးလဲအဖော်ရတယ်လေ..ပြီးတော့...ကျောင်းပြီးရင်လဲဖေဖေကိုဝိုင်းကူလို့ရတာပေါ့"
YOU ARE READING
မုသားဖြင့်လှည့်စား၍
ChickLitမုသားဖြင့် လှည့်စားရက်သူ မင်းမို့လှည့်စားရက်တယ် ငါ့မှာတော့မင်းရဲ့ အပြုံး ချိုချို မုသား လှလှလေးတွေ အောက်မှာ အဟုတ်မှတ်ပြီး မွေ့လျော်ခဲ့မိတယ် ပျော်ရွင်ခဲ့မိတယ် တကယ်တော့ ဒါတွေဟာ အစစ်မှမဟုတ်ခဲ့တာ.... ☆☆☆☆☆☆☆☆☆...