Part 16

230 21 36
                                    



"အား....ဒီစုတ်လုံးကလဲဖောက်ရခက်လိုက်တာကွာ.....စုတ်လုံးတောင်ကိုယ့်ဘက်မလိုက်ဘူး....."

အသွင်တစ်ယောက် ခြံထဲကဒန်းပေါ်မှာထိုင်နေပြီးစုတ်လုံးစားချင်၍အခွံဖောက်ရာဖောက်လို့မရ၍ တစ်ယောက်တည်းပွစိပွစိပြောနေသည်။

"ကိုနှောင်း....ဘယ်လိုဖြစ်လို့ရောက်နေတာလဲ...သိတောင်မသိလိုက်ဘူး"

အသွင်ဖောက်ရခက်နေသော စုတ်လုံးကို နှောင်းသခေတ်စွဲယူလိုက်၍ဖြစ်သည်။လက်ထဲမှာလဲ အထုပ် တစ်ထုပ်ဖြင့်။

"ဘယ်သိမလဲ.....နှုတ်ခမ်းထော်ထော်နဲ့ တစ်ယောက်ထဲစုတ်လုံးနဲ့ရန်ဖြစ်နေပြီးတော့...."

"အဲ့တော့....ဘာလို့သူများ စုတ်လုံးယူသွားရတာလဲ...ဖောက်ရခက်နေလို့ပါဆိုနေမှဘဲ.."

"ဖောက်ပေးဖို့လေ...လုမစားပါဘူးစိတ်ချ....မင်းက ကလေးလား ဒီအရွယ်ရောက်နေပြီ...စုတ်လုံးစားနေတုန်း..."

"ဘာလဲ...စုတ်လုံးစားရမယ့်အရွယ်ဆိုပြီ...ဘယ်သူကသတ်မှတ်ထားလို့လဲ...ကျွန်တော်လဲပါးစပ်ပါတယ်ဗျ.."

"ရော့....ဒါလေးတောင်မဖောက်တတ်ဘူး...မိန်းမရရင်ဘယ်လိုလုပ်ကျွေးမလဲမသိပါဘူး..."

နှောင်းလဲ စုတ်လုံးအခွံဖောက်ပြီး၍ အသွင့်ကိုပေးလိုက်ရင်း မထိတထိစလိုက်သည်။

"စုတ်လုံးလေးမဖောက်တတ်တာနဲ့မိန်းမလုပ်ကျွေးတာနဲ့ဘာဆိုင်လို့လဲ....နေပါဦး...မိန်းမယူမယ်လို့...ဘယ်သူပြောလဲ..."

"ဘယ်သူမှမပြောပါဘူး....အချိန်တန်ရင်ယူမှာဘဲမဟုတ်လား.."

"မယူပါဘူး...."

"မိန်းမမယူရင်...ဘာယူဖို့လဲ....ယောကျာ်းယူဖို့လား..."

"ဘယ်လိုဖြစ်နေတာလဲ...သူများအိမ်ထိလာပြီ.."

"စတာပါကွာ....မင်းကို...စရတာကြိုက်တယ်..."

"စချင်တိုင်းစလို့ရစမြဲလား...ဘာကိစ္စရှိလို့...လာတာလဲ.."

"ကိစ္စ..ရှိမှလာရမှာလား...သူစိမ်းဆန်လိုက်တာ.."

"မေးတာကိုဘဲဖြေပါ...."

"companyက projectတစ်ခုတွက် အန်ကယ့်ကို စာရွက်စာတမ်းတချို့လာပေးတာ..."

မုသားဖြင့်လှည့်စား၍Where stories live. Discover now