အပိုင်း ၈

22.8K 3K 143
                                    

"သွားမယ်လေ ဘယ်လိုလဲ ငါအဆင်ပြေရဲ့လား"

ရှင်စောက ပြောရင်းဖြင့် အနားရောက်လာကာ အင်္ကျီကို ဟိုနားကဆွဲချ ဒီနားကဆွဲ့ဆန့်ဖြင့် ပြုပြင်နေရင်း ပြောသည်။ဒီနေ့ ဖူးဖူးစင်ရဲ့ မွေးနေ့က်ို သွားကြမှာဖြစ်သည်။သံလွင်ဥယျာဉ်ထဲမှာပဲ သူငယ်ချင်းတွေစုကာ ကိတ်ခွဲကြမည် ပြီးမှ ဘယ်ကိုလည်ကြ ပတ်ကြမလဲ တိုင်ပင်ကြမည်ပေါ့။တကယ်ဆို ဒီမိုက သိပ်မလိုက်ချင်သော်လည်း ရှင်စောက အတင်းခေါ်နေတာမလို့ လိုက်ဖြစ်တာဖြစ်သည်။

"တရားစခန်း သွားမလို့လား"

ဟုတ်တယ်လေ ကြည့်ပါအုံး လူငယ်တွေချည်း စုပြီး ပျော်ပါးကြမဲ့ပွဲကို သွားမဲ့ဒီဇိုင်းက စတစ်ကော်လံ ရှပ်လက်ရှည် အဖြူကို အောက်က မွန်ပုဆိုး နီရဲရဲနဲ့။ဒီမို ရွဲ့ပဲ့မေးတော့ မင်းရှင်စော ခေါင်းကုတ်သွားရကာ

"မွေးနေ့ဆိုတော့ ဒီလို သပ်သပ်ရပ်ရပ်လေး ဝတ်သင့်သလားလို့"

မင်းရှင်စော ပြောတော့ ဒီမိုက လေပါတယ်ဆိုသော ပုံစံဖြင့် ခေါင်းကို ခါယမ်းကာ...

"သပ်သပ်ရပ်ရပ် ဝတ်ရအောင် ဘုန်းကြီး ဆွမ်းကပ်တာ မလို့လား"

ဒီမိုက ဖိနပ်ကို စီးနေရင်းဖြင့်ပြောတော့ မင်းရှင်စော တချက်တော့ တွေသွားပြီးမှ အင်္ကျီ ရင်ဘတ်ကြယ်စေ့ကို ဖြုတ်ကာ အဝတ်အစား ပြန်ရွေးနေပြန်လေသည်။နောက်ဆုံးထွက်လာတော့ တစ်နှစ်တစ်ခါတောင် ထုတ်ဝတ်ဖြစ်လား မသေချာတဲ့ ခေါက်ရိုးကျိုးနေတဲ့ ဂျင်းတစ်ထည်ရယ် ခရမ်းတွေရော အဝါတွေရော ရောနေတဲ့ ရှပ်အကွက်လက်ရှည် တစ်ထည်ရယ်။အဆင်အပြင်ကို ကြည့်ပြီး ဒီမို ဘယ်လို့မှ ထိုင်ကြည့်မနေနိုင်တော့ပဲ နေရာမှ ထလာကာ အဝတ်ပုံရှေ့ ခေါင်းကုတ်နေတဲ့ ရှင်စော၏ ပခုံးအား တွန်းဖယ်၍....အဝတ်ပုံကို ခါးထောက်ကာ ရပ်ကြည့်ပြီးမှ အနက်ရောင် တီရှပ်ပြောင်တစ်ထည်ကို ဆွဲထုတ်လိုက်ပြီး...

"ဒါဝတ် ဒါကြီးနဲ့မလိုက်ဘူး..."

ရှင်စော လက်ထဲမှ ရှပ်အင်္ကျီကို ဆွဲယူ၍ အဝတ်ပုံထဲ ပြန်ပစ်ချကာ ပြောသည်။ပြီးတော့ တန်းမှာချိတ်ထားသော သူ့၏အဖြူအမဲ ရှပ်အကွက်ကိုပါ ဆွဲယူကာ တပါးတည်း ပေးပြီးမှ...

ခရီးများအဆုံးထိ...လျှောက်(Complete)Where stories live. Discover now