အပိုင်း ၁၁

22.2K 2.8K 219
                                    

"ဒီမို.."

ခေါ်သံကြောင့် ဒီမို လှည့်ကြည့်မိတော့ ရှင်စောကို တွေ့လိုက်ရ၍ အံ့သြမိသွားရသည်။ညက တကယ်ကို စိတ်တွေဆိုးပြီး အဆောင်တောင် မပြန်နိုင်ခဲ့။စိတ်ဆိုးတယ် ဆိုတာထက် နာကျင်ရတာဆို ပိုမှန်မည်။ဒီမိုရဲ့ အကျင့်က အဲ့ဒီလိုပဲ ဖြစ်သည်။ကိုယ့်ကို ထိခိုက်နာကျင်စေတဲ့ အရာတွေဆီကနေ ခပ်ဝေးဝေးကို ပြေးပုန်းတက်တာမျိုး။
နာကျင်မှု အတိုင်းအဆ အလိုက် အကွားအဝေးကို ခြားပြစ်တက်သည်။အမေ့ဆီကနေ ထွက်ပြေးခဲ့သလိုမျိုးပေါ့။

"ပေး ပေး အကို ဆက်သိမ်းလိုက်မယ် ဧည့်သည်နဲ့ စကားသွားပြောလေ"

ကိုပြည့်စုံက အနားရောက်လာကာ ဒီမိုလက်ထဲမှ ကြိုးခွေတွေကို အလိုက်တသိ ဆွဲယူသွားလေတော့သည်။ဒီမို မျက်နှာတည်ကြီးဖြင့် လျှောက်လာတာကို ကြည့်ရင်း ရှင်စော ရင်တွေအခုန်မြန်လာရသည်။တစ်စုံတစ်ခုကို စိတ်လှုပ်ရှားပြီဆိုရင် လက်ဖျားတွေ အေးစက်ကာ နှလုံးခုန် မြန်လာတက်တာ သူ့အကျင့်။

"ဘယ်ကို လာတာလဲ..."

ဒီမို ခပ်တည်တည်မေးတော့ ရှင်စော မဝံ့မရဲဖြင့် ဒီမိုအား မျက်လုံးဝင့်ကြည့်ပြီးမှ....

"ဒီနေ့ ဘုရားကျောင်း အတူလိုက်မယ် ပြောထားလို့လေ လိုက်လာတာ"

"အော်....."

အာမေဋိတ်သံ ပြုကာ ဒီမို တိတ်ဆိတ်သွားရသည်။တကယ်ဆို မလာချင်လည်း ဖြစ်တာပဲ။တကူးတက လိုက်လာပြီး လာချော့တယ်ဆိုတာ ခံစားရ၍ ဒီမိုရဲ့ ရင်ဘတ်တခြမ်း လမင်းသာသွားရသည်။ဘုရားကျောင်းအထိ လိုက်လာကတဲက မဆိုးရက်တဲ့ စိတ်အခံဟာ ပျော့ပြောင်း ကျေနပ်သွားပြီးသား။မဟုတ်လည်း ညနေကျ စားစရာ တစ်ခုခုဝယ်သွားပြီး အလံဖြူထောင်ဖို့ တွေးထားပြီးသား။

မျက်နှာတည်ကြီးဖြင့် ဒီမို တိတ်ဆိတ်နေတော့ ရှင်စော ဘာစပြောရမှန်းမသိ။မနေ့က ကိစ္စကို တောင်းပန်တယ်လို့ အရင်ပြောရမလား
ဒါမှမဟုတ် ညက ဘယ်မှာအိပ်သလဲလို့ပဲ မေးသင့်လား

!shit ဘာကြီးလဲကွာ ဘာလို့ ငါက လာချော့နေရတာလဲ!

"ညက ဘယ်မှာအိပ်တာလဲ...."

ခရီးများအဆုံးထိ...လျှောက်(Complete)Where stories live. Discover now