အပိုင်း ၃၄

18.6K 2.3K 162
                                    

!တူ တူ တူ တူ...!

ဖုန်းက ဝင်တော့ဝင်နေပေမဲ့ မကိုင်။ရှင်စော တစ်ယောက် အိမ်ရောက်ရောက်ချင်း အခန်းထဲသို့ ပြေးဝင်ကာ ဒီမို့အား ဖုန်းခေါ်နေမိခြင်း ဖြစ်လေသည်။၃ခါမြောက် ဖုန်းခေါ်ဆိုခြင်းဆီသို့ ရောက်လေတော့မှ....

"အင်း..အစော.."

"ဘာလုပ်နေလို့လဲ ဖုန်းမကိုင်တာ.."

ရှင်စော မေးတော့....

"sorry မောင် ရေချိုးနေလို့ အခုအိမ်ရောက်ပြီလား.."

ဒီမိုက ရှင်းပြရင်းဖြင့် တဆက်တည်း မေးလေသည်။

"အင်း အခုပဲ ပြန်ရောက်တာ.."

ရှင်စော ပြောတော့ ဒီမို ခေါင်းကို ရေသုတ်နေခြင်းကို လက်စသတ်ကာ ပုဝါကို ကုတင်ပေါ်ပြစ်ချရင်း လူပါထိုင်ချလိုက်ပြီးတော့မှ....

"ဘာပြောနေကြသေးလဲ..."

ဒီမိုမေးတော့ ရှင်စော တိတ်ဆိတ်သွားပြီးမှ နှုတ်ခမ်းလေးအား ဖိကိုက်ပြစ်ကာ...

"မသိဘူး ရောက်ရောက်ချင်း အခန်းထဲ တန်းဝင်ခဲ့တာ ပြောချင်တာ ပြောကြပါစေ.."

ရှင်စော၏ ဂျစ်ကန်ကန် အသံလေးက နာခံလိုခြင်း အလျဉ်းကင်းမဲ့ နေတာကို ရိပ်စားမိသွားကာ ဒီမို့ရင်ထဲ နွေးကနဲ ဖြစ်သွားရပြီး ခပ်ဖွဖွ ပြုံးမိပြီးတော့မှ...

"မောင်တို့ ဘာဆက်လုပ်ကြမလဲ..."

"ဘာဆက်လုပ်ရမှာလဲ နဂိုထဲက ဒီကြားထဲ ကိုယ့်ဖာသာ ကိုယ့်အလုပ်လေး ကိုယ်ထူထောင်ပြီး ဘွဲ့ယူပြီးရင်တော့ ဖွင့်ပြောဖို့ တွေးထားတာပဲ အခုသူတို့ဖာသာ သိသွားတော့လည်း ကောင်းတာပေါ့
မပြောရတော့ လေကုန်တောင် သက်သာသေးတယ်.."

မျက်တောင်မွှေး တဆုံးစာကြည့်ရင်း ပျော်ရွှင်ကျေနပ်နေတဲ့ သူတောင် စေ့စေ့ပေါက်ပေါက် မတွေးမိသေးတဲ့ အနာဂတ် အစီအစဉ်တွေကို ရှင်စောကတော့ မျက်စိတဆုံးစာ တွေးထားပြီးခဲ့ပြီ။ထာဝရဆိုတဲ့ ခံစားချက်ချင်း တူညီနေကြပေမဲ့ အနာဂတ် ကြိုမတွေးဖြစ်သေးတာကို ဝန်ခံပါသည်။အစောက ဒီတွဲလက်ကို ခိုင်မြဲစေဖို့ သူ့ထက်တောင် ပိုပြီးတက်ကြွနေတော့  ရင်ဘတ်ထဲမှ ကျေနပ်ကြည်နူးခြင်းများဟာ အဆုံးအစမရှိ။

ခရီးများအဆုံးထိ...လျှောက်(Complete)Where stories live. Discover now