အပိုင်း ၂၉

22.1K 2.5K 132
                                    

ရေချိုးပြီး ပြန်ဝင်လာတော့ ပါဆယ်ထုပ်ကြီး မရှိတော့။ဒ်ီမိုကတော့ ထုံးစံအတိုင်း ကုတင်ပေါ်မှာ နံရံကိုမှီထိုင်ကာ ဖုန်းသုံးနေလေသည်။

"ပါဆယ်ထုပ်ရော..."

ရှင်စော မနေနိုင် မထိုင်နိုင် မေးမိတော့ ဒီမိုက မော့ကြည့်မလာပဲဖြင့်...

"ပြန်ပေးလိုက်ပြီလေ..."

"ဘာရယ် ဘယ်လို ပြန်ပေးလိုက်တာလဲ..."

ဟုတ်တယ်လေ ရေချိုးနေတဲ့ အချိန်ခဏလေး အတွင်းမှာပဲ ခိုင်မြဲညီဆီကို ဘယ်လို ခုန်ပေါက် ရောက်သွားသလဲလို့ ရှင်စော တွေးတောမိရင်း မေးတော့...

"အော် ပအိုဝ့်လေးကို သွားပို့ခိုင်းလိုက်တာလေ သူက အခုချိန်ဆို ပါရမီမှာ ရှိတယ်"

ပြန်ပေးခိုင်းလိုက်လို့ ကျေနပ်သွားပေမဲ့ ဘယ်အချိန် ဘယ်မှာရှိနေပါသည် ဆိုပြီး အချိန်ဇယား အတိအကျ အလွတ်ကျက်မိ နေတာကိုတော့ ဘဝမကျနိုင်။ယောက်ျားကြီး ဖြစ်ပြီး စိတ်သဘောထားက သေးသိမ်လိုက်တာလို့ ကိုယ့်ဖာသာ သတိပေးရင်း ခန္ဓာကိုယ်ကို ရေသုတ်နေလိုက်တော့သည်။

"မျက်နှာကြီးကလည်း ပုပ်သိုးလို့ ဘာတွေ အလိုမကျ ဖြစ်နေတာတုန်း အစောလေးရဲ့ ဟင်..."

ဒီမိုက ပြောရင်းဆိုရင်းဖြင့် ရှင်စောအား နောက်ကျောမှ ပွေးဖက်ကာ လည်တိုင်လေးအား ပွတ်တိုက် နမ်းရှိုက်နေရင်း မေးလေသည်။

"ဘာမှ မဖြစ်ပါဘူး..."

"မဖြစ်ရင် ဘာလို့ မျက်နှာကြီးက ပုပ်နေတာတုန်း..."

"ဘယ်လိုပြောပြီး သွားပေးခိုင်းလိုက်တာလဲ"

အမေးကို အမေးဖြင့် တုံ့ပြန်လိုက်တော့ ဒီမို မျက်ခုံးတို့ ပင့်တက်သွားရသည်။ဒီဟင်းဘူး ကိစ္စက အခုထိကို မပြီးနိုင်သေးဘူးလား။

"အော် ကျွန်တော့် ကောင်လေးက သဘောမကျလို့ နောက်လည်း ထပ်မပို့ပါနဲ့လို့ ပြောလိုက်တာပေါ့..."

"ဘာ..."

ဒီမို၏ စကားကြောင့် ရှင်စော ဘာကနဲ ဖြစ်သွားရကာ ချက်ချင်းပဲ မျက်နှာချင်းဆိုင် ဖြစ်အောင် လှည့်လိုက်ပြီးမှ ဒီမို၏ လက်မောင်းအား တဖုံးဖုံး ထုပြစ်ကာ....

ခရီးများအဆုံးထိ...လျှောက်(Complete)Where stories live. Discover now