အပိုင်း ၂၇

22.6K 2.6K 285
                                    

"Hello အစော ကျွန်တော် ရောက်ပြီး ခင်ဗျား ဘယ်မှာလဲ"

ဖုန်းထဲက ဒီမိုရဲ့ အသံက သူ့ကို ဝေ့ဝဲရှာနေတယ် ဆိုတာ ခန့်မှန်းလို့ ရလေတယ်။

"အစော အစော ကျွန်တော် ပြောတာကြားရလား ကျွန်တော်
ရောက်နေပြီ ဗျူးပွိုင့်မှာ ခင်ဗျားက ဘယ်နားမှာလဲ..."

လေလှိုင်းထဲက အသံက စိုးရိမ်မှုကြောင့် လှိုက်ဖို တုန်ယင်နေတာ သိသာလွန်းတယ်။သွေးချင်းမဟုတ်တဲ့ သူစိမ်းတစ်ယောက်က ကိုယ့်အတွက်နဲ့ စိုးရိမ်ပူပန်နေတာကို ဒါ ပထမဦးဆုံး ခံစားဖူးတာပဲ။သွေးရင်း မဟုတ်တဲ့ သူစိမ်းတစ်ယောက်က ပေးတဲ့ နွေးထွေးမှုက ဒီလောက်တောင်မှပဲ ဆွတ်ပျံ့စရာ ကောင်းတယ်တဲ့လား။

"Hello Hello အစော ကြားလား ကြားလား ခင်ဗျား ဘာဖြစ်နေတာလဲလို့..."

စိုးရိမ်မှုတွေ မြင့်တက်နေတဲ့ အသံက ဖုန်းထဲမှာ toneပိုမြင့်လာတယ်။တကယ်တော့ ရှင်စော ခံစားချက်တွေ ဆို့နင်နေပြီး ဘာစကားမှ ပြောလို့မထွက်တာ။ဖုန်းကိုင်ရင်း ဗျူးပွိုင့်မှာ ဟိုဟိုဒီဒီ လမ်းလျှောက်ပြီးတော့ ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် ကြည့်နေတဲ့ ဒီမို့ကို သူလှမ်းမြင်နေရတယ်။ဟိုဟိုဒီဒီ ကြည့်ရင်း မတွေ့တော့ စိတ်လှုပ်ရှားလျှင် လုပ်နေကျအတိုင်း ကတုံးဆံတောက်ကေကို လက်ဖဝါးနဲ့ စိတ်မရှည်သလို ပွတ်သပ်ပြန်တယ်။

!အဲ့ဒီပုံစံကလေ တကယ် တကယ်ကြီး ကြည့်ကောင်းတယ်..!

"ဗျုးပွိုင့် အဆင်းမှာ...ကျိုက်သံလ္လံဖက် အဆင်း"

ဖုန်းထဲက အသံထွက်လာတော့မှ ဒီမို စိုးရိမ်မှုတွေ အနည်းငယ် ပါးလျသွားတယ်။ဗျူးပွိုင့်အဆင်းကို ဒီအတိုင်း ပြေးဆင်းတော့ တက္ကစီသမား ခမျာ အနောက်က လိုက်လာရတယ်။မနက်ထဲက ဈေးဦးမပေါက်သေးတာ။ဒီကောင်လေးက ဈေးလည်း မမေးပဲ တောင်ပေါ်တန်းဆိုပြီး ဆိုင်ကယ်အပေါ် အလောတကြီ ခွထိုင်ခဲ့တာ။အခုရောက်တော့လည်း ပိုက်ဆံမပေးပဲ ဆိုင်ကယ်ပေါ်က ပြေးဆင်းတယ်။ပိုက်ဆံမှ မရသေးတာ ဈေးဦးပေါက်လေး သူလည်းလိုက်မှ ရတော့မှာပေါ့။

တွေ့ပါပြီ...ဗျုးပွိုင့်အဆင်းက အပင်ပုလေးတွေ အောက်မှာ မင်းရှင်စော....

ခရီးများအဆုံးထိ...လျှောက်(Complete)Where stories live. Discover now