အပိုင်း ၃၉

21.2K 2.4K 128
                                    

"အုပ်ဆောင်းထဲမှာ ထမင်းကြမ်းနဲ့ အကြော်နော် မိမွှေး ဟိုအကောင် ဆန်းထူး မထသေးဘူးလား အခုထိ သောက်လုပ်က ရရုံရှိသေး ဝီရိယကို မရှိဘူး ထမင်းဝဦးမယ် ဒီသောက်ချိုးနဲ့.."

'ဖုန်း ဖုန်း ဖုန်း...ဗွမ်း.."

"ဒီအသက်အရွယ်အထိ လိုက်ပြောနေရတုန်း ဒီသောက်ချိုးနဲ့ ဘယ်သောက်လုပ်က ဖင်မြဲမှာလဲ..."

'ဖုန်း ဖုန်း...နှိုးလိုက်ဦး အဲ့အကောင်ကို.."

"ဟုတ် အမေ.."

"ဖုန်း ဖုန်း ဖုန်း..."

"ဟဲ့ ဆန်းထူး ထတော့ အလုပ်နောက်ကျတော့မယ် ထ ထ ဟဲ့ ထဆို..."

"ဟာ ဘာလဲဗျာ အမကလည်း.."

"ဟဲ့ ဘာရမလဲ အလုပ်သွားရမယ်လေ ထ နေဖင်ထိုးနေပြီ.."

မနက်စောစောစီးစီး တဖုန်းဖုန်းဖြင့် အဝတ်ဖွတ်နေတဲ့ အသံတွေ အိမ်ပေါ် အိမ်အောက်ကို ကျယ်ကျယ်လောင်လောင် အော်ဟစ်ပြောဆိုသံတွေကြောင့် ရှင်စော ဖြတ်ကနဲ လန့်နိုးလာရတော့သည်။နာရီကြည့်တော့ မနက်၇နာရီ။မြဝတီက ထိုင်းဖက်ခြမ်းနဲ့ ကပ်လျှက်မလို့ထင်သည် နေထွက်တာ စောနေတက်သည်။မနက်၇နာရီနေက သူတို့ဇာတိရဲ့ ၈နာရီလောက်အပူချိန်လိုမျိုး။အခန်းထဲ အိုက်စပ်စပ် ဖြစ်လာရတာရယ် ဆူဆူညံညံ အသံတွေရယ်ကြောင့် ဒီမိုပါ မကြည်မလင် နိုးထလာရတော့သည်။

နှစ်ယောက်သား ခြင်ထောင်ထဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း သက်ပြင်းကို အသာမှုတ်ထုတ်မိသည်။ဒီလို တန်းလျားတွေဆိုတာ အခြေခံလူတန်းစား စက်ရုံအလုပ်ရုံသမား အများစုနေတဲ့ နေရာဆိုတော့လည်း အလုပ်ချိန် အလျဉ်မှီဖို့ ဒီလိုပဲ ထကြသွားကြ လာကြတာပဲဖြစ်သည်။အိပ်လို့လည်း မရမည့်အတူတူ ခန္ဓာကိုယ်ပေါ်မှ စောင်ကို ဖယ်ခွာကာ ထထိုင်ပြီးမှ....

"မဖြူစင်နဲ့ ဈေးလိုက်သွားမလို့ ဘာစားချင်လဲ ဘာဝယ်ခဲ့ပေးရမလဲ.."

ဒီမို၏ အိပ်ချင်မပြေ ဖြစ်နေသေးသော ပုံစံကြောင့် ကိုယ့်ဖာသာပဲ တစ်ယောက်ထဲ လိုက်သွားဖို့ ဆုံးဖြတ်ချက်ချကာ ပြောလိုက်တော့..

"ရတယ် ဘာဖြစ်ဖြစ်..."

"အင်း အင်း အိပ်လိုက်ဦး.."

ခရီးများအဆုံးထိ...လျှောက်(Complete)Where stories live. Discover now