အပိုင်း ၂၆

21K 2.5K 304
                                    

"ဘာစားမလဲ အကို..."

"လက်ဖက်ထမင်းနှစ်ပွဲ တစ်ပွဲကကြက်ဥ ခေါက်ကြော်ပေး.."

ကန်တင်းက စားပွဲပေါ်မှာ လွယ်အိတ်ကို ပြစ်ချရင်း အလိုအလျောက် ပါးစပ်က ဒီမို စားတက်တဲ့ ပုံစံကို အကျင့်ပါစွာ ထွက်သွားတာ လက်ဖက်ထမင်း ၂ပွဲတဲ့။ပြီးတော့မှ သတိရလို့ ပြန်ပြင်မှာမလို့ လုပ်တော့ စာပွဲးထိုးက ကိုယ့်ဖော့သိုင်းကို ဝူတန်ဂိုဏ်းချုပ်နီးပါး ကျင့်လို့အောင်ထားပုံပဲ လှစ်ကနဲ ပျောက်သွားပြီ။ရှင်စော သက်ပြင်းကိုသာ ချရင်း ရေနွေးတစ်ခွက်သာ ထည့်သောက် လိုက်တော့တယ်။

ဟိုတုန်းကတော့ ဒီလိုအချိန်ဆို ဒီမိုနှင့်အတူတူ ကန်တင်းမှာ ဆုံကြ စားကြ သောက်ကြနဲ့။တခါတလေ သူအရင်ရောက်ရင် ကိုယ့်အတွက်ပါ သူက ကြိုမှာထား ကိုယ်အရင်ရောက်ရင် ကိုယ်က ကြိုမှာထားဖြင့် အခုတော့ လူက အကျင့်ကြီးကို ဖြစ်လို့။အခုရက်ပိုင်းတွေ ပိုဆိုးသည် လူက စိတ်နှင့်ကိုယ် လမိုင်းမကပ်ပဲ ဂယောက်ဂယက်နဲ့။ဆရာညီနှင့် ဒီမိုကို တပူးပူး တတွဲတွဲ မြင်နေရတာ ပိုဆိုးသည်။မနာလိုဝန်တိုတာတော့ မဟုတ်ပဲ ဘယ်လိုပြောရမလဲ မခံချင်စိတ်လား ခံပြင်းတာလား။အဲ့ဒီလိုပဲ ဖြစ်မည်။

ကိုယ့်ကို ဖျတ်ဖျတ်လူး သေမလိုရှင်မလို ချစ်ပါတယ် ကြိုက်ပါတယ်နဲ့ အတင်းတွယ်ကပ်နေပြီး တစ်ခါလေး ငြင်းလိုက်တာနဲ့ ချက်ချင်း အဆက်ဟောင်းဆီ ပြန်ပြေးတော့တာပဲ။ဘယ်သူက ရင်ဘတ်ထဲ ခိုးလိုးခုလု မဖြစ်ပဲနေမှာလည်း။ပြီးတော့ လူကိုလည်း အေးတိအေးစက်နဲ့ မတူသလို မတန်သလို လုပ်နေတာ ဟိုတုန်းက သူမဟုတ်တဲ့ အတိုင်း။လူ့စိတ်ကိုကလည်း အခက်သား ကိုယ်က သဘောမကျပေမဲ့ ကိုယ့်ကို နှစ်သက် သဘောကျတာကိုတော့ သာယာတက်တာပဲ မဟုတ်လား။နေဦး...သူသာယာခဲ့ဖူးလို့လား။

အမှန်ပြောရရင် ဒီမို ချစ်တယ်ကြိုက်တယ် ပြောတုန်းကတော့ တချက်လောက် ရှိုးတိုးရှန်းတန့် ဖြစ်သွားတာကလွဲလို့ ထူးထူးခြားခြား ဘာခံစားချက်မှ မဖြစ်မိပါဘူး။သူလည်း ယောက်ျား ကိုယ်လည်း ယောက်ျား ဘာခံစားချက်ရှိရမှာတုန်း။ရင်ခုန်ဖို့ဆိုတာ ဟိုး..အဝေးကြီးမှာ။ကြားဖူးတာတော့ ရင်ခုန်တိုင်းလည်း အချစ်မဟုတ်ဘူးတဲ့..။အဲ့ဒါဆို ရင်မခုန်ပဲလည်း ချစ်ချင်ချစ်နေနိုင်တယ်လို့ ဆိုလိုတာများလား။

ခရီးများအဆုံးထိ...လျှောက်(Complete)Where stories live. Discover now