အပိုင်း ၂၅

20.7K 2.4K 132
                                    

အခန်းထဲ ရောက်သည့်အထိ ရှင်စော ရင်တုန်မပြေပဲ ရယ်ပြနေတဲ့ ပြာစုတ်စုတ် မျက်နှာကြီးကိုသာ မြင်ယောင်နေဆဲ ဖြစ်သည်။ဒီမို့ ကုတင်ပေါ် ထိုင်ချမိရင်း တစ်ကိုယ်လုံး တုန်ယင် နေတော့သည်။
ရေတစ်ခွက် အမြန်ထည့်ကာ ပေးတော့ တုန်ယင်နေသော လက်အစုံကြောင့် ဖိတ်တစ်ဝက် စင်တစ်ဝက် ဖြစ်ကုန်လေသည်။ဒီမို အသာထိန်းကိုင်၍ မော့သောက်စေမှပဲ အဆင်ပြေတော့သည်။

"ဘာတွေ့ခဲ့တာလဲ"လို့ မေးမလို့ပေမဲ့ ရှင်စော၏ ထိတ်လန့်ခြောက်ခြား နေသောပုံစံကြောင့် မမေးဖြစ်တော့ပဲ ဘေးကပ်ရပ်၌ ဝင်ထိုင်၍ ပခုံးလေးကိုသာ ပွေ့ဖက်၍ နှစ်သိမ့်ပေးမိသည်။

"ဘာမှမဖြစ်ဘူး ဘာမှမဖြစ်တော့ဘူး ကျွန်တော်ရှိတယ်နော်..."

နှုတ်မှလည်း တဖွဖွပြောရင်း ခလုတ်ထိမှ အမိတ ဆိုသလို လည်ပင်း၌ ဆွဲထားသော လက်ဝါးကားတိုင် ကြိုးအား ချွတ်ကာ ရှင်စော၏ လည်ပင်း၌ စွတ်ချပေးလိုက်သည်။ဘာသာမတူဘူး ဆိုပေမဲ့လည်း သူ့ဘာသာအရ သူသိသမျှ တက်သမျှ လုပ်ပေးမိခြင်းရယ်ပါ။

"ဘာမှ မဖြစ်တော့ဘူးနော် မကြောက်နဲ့တော့..."

နဖူးပေါ်မှ ချွေးစေးတွေကို တစ်ရှုးဖြင့် ခပ်ဖွဖွ တို့ထိ သုတ်ပေးနေရင်း ပါးစပ်ကလည်း တတွတ်တွတ် ပြောမိသည်။ရှင်စောကတော့ စကား ပြန်မပြောနိုင်သေး။တုန်ယင်ထိတ်လန့် နေသော ရှင်စောအား ကြည့်ကာ ဒီမို ဘာလုပ်ပေးရမှန်းလဲ မသိတော့ပဲ ရင်ခွင်ထဲ ဆွဲသွင်းကာ ခပ်တင်းတင်း ပွေ့ဖက်၍ ကျောလေးအား ပွတ်ကာ နှစ်သိမ့်ပေးမိတော့သည်။

ထိုပုံစံအတိုင်း အတန်ကြာသည့်အထိ ရှိနေခဲ့ပြီးမှ အတန်ငယ် တည်ငြိမ်သွားတော့ ရှင်စော သတိဝင်လာကာ ရုန်းဖယ်မိသည်။ဒီမိုလည်း ထိုအခါမှ နှစ်ဦးသားကြားက အက်ကြောင်းထနေသော ဆက်ဆံရေးအား သတိဝင်မိကာ ဖြေလွှတ်ပေး၍....

"sorry...."

ခပ်တိုးတိုးပြောကာ မျက်လွှာချ၍ ခေါင်းငုံ့ မျက်နှာလွှဲသည်။ဒီမို၏ ပုံစံအား ဝေ့ကြည့်ပြီးမှ ရှင်စောလည်း မျက်နှာလွှဲသည်။ကုတင်ပေါ် ဘေးချင်းကပ်ထိုင်၍ မျက်နှာလွှဲထားရင်း နှစ်ယောက်သား စကားလည်း မဆိုမိပါပဲ အတန်ကြာ တိတ်ဆိတ် နေမိကြစဉ် အခန်းထဲ ဖုန်းသံက ဆူညံစွာ မြည်လာလေတော့သည်။မိမိနံဘေး အိပ်ရာပေါ်ရှိ ဖုန်းအား ရှင်စော မရည်ရွယ်ပဲ ငဲ့စောင်းကြည့်မိတော့ လင်းနေသော ဖုန်းမျက်နှာပြင်ပေါ်မှ ကိုညီဆိုသော contant nameက ထွက်သွားတော့ဟု နှင်ထုတ်နေသည့်နှယ်။

ခရီးများအဆုံးထိ...လျှောက်(Complete)Where stories live. Discover now