အပိုင်း ၂၂

19K 2.4K 170
                                    

ညစာစားပြီး အခန်းထဲ ဟိုလျှောက် ဒီလျှောက်လုပ်လိုက် အောက်ထပ်ဆင်းလိုက် အိမ်ပေါ်ပြန်တက်လိုက်ဖြင့် ရှင်စော ဂဏှာမငြိမ်။
ည၇နာရီ ထိုးသည့်အထိ ဒီမို ဖုန်းမှ မဆက်လာသေးတာ။အမေတို့
TVကြည့်နေတဲ့အနီးမှာ ဖုန်းကြီးတကိုင်ကိုင်ဖြင့် ဆင်းထိုင်နေရသေးသည်။အဓိကကတော့ လမ်းခရီးမိုးချုပ်တာရယ် တစ်ယောက်ထဲ ပြန်သွားရတာရယ်ကို စိတ်ပူခြင်းရယ်ပါ။ဖုန်းဆက်ကြည့်ပေမဲ့ ဖုန်းကမကိုင်။

နားမခံနိုင် မခံစားနိုင်တဲ့ ထိုင်းSeriesတွေကို ဇွတ်မှိတ်ကြည့်နေဆဲ ၇နာရီ ၂၀လောက်မှ ဖုန်းသံက ဆူညံစွာ ထမြည်လာတော့
မျှော်လင့်နေသော ဒီမိုဖန်းရယ်ပါ။

"Hello..."

"ကျွန်တော် ပြန်ရောက်ပြီ အစော.."

ထိုအသံကို ကြားလိုက်ရမှပဲ ရှင်စော သက်ပြင်းကို ဟင်းကနဲ ချနိုင်တော့သည်။လူကို တော်တော်လေး စိတ်ဒုက္ခပေးတဲ့ ကောင်ပါပဲ။
.
.
.
မိုးအကုန် ဆောင်းအကူး စပါးပေါ်ချိန်မလို့ ကိုကိုကြီးနှင့်အတူ စပါးလိုက်ကောက်ရင်း ရှင်စော အလုပ်က ပိုတောင်ရှုပ်လာလို့ တဂျီဂျီ ဆက်သွယ်နေတဲ့ ဒီမိုဖန်းရဲ့ ဖုန်းအဝင်callတွေကိုလည်း အလေးထား မဖြေဆိုနိုင်သလို အရင်လို ပြိုင်ဆိုင်ဆူပူဖို့တောင် အချိန်မရှိနေတော့ဘူး။မိုးလင်းကနေ မိုးချုပ် အောက်ဖက်ကွင်းက လယ်တောတွေထဲ ကိုယ်တိုင်ပတ်ပြီး စပါးကောက်ရတဲ့ အလုပ်က ပင်ပန်းလွန်းလို့ ဒီမိုနှင့်ပြိုင်ဆိုင် ရန်ဖြစ်ဖို့ အားတောင်ရှိမနေ။

၂လတာ ကျောင်းပိတ်ရက်တွေက ဖင်လှည့် ခေါင်းလှည့်ဖြင့် လျှင်လျှင်မြန်မြန်ပဲ ကုန်ဆုံးသွားတော့သည်။မိုးကုန်တာနှင့် ဆောင်းဦးက အလျှင်အမြန်ပဲ ဝင်ရောက်လာတယ်။တောင်စဉ်၃၃လုံးရဲ့ အောက်ခြေမှာ တည်ထားတဲ့ ရှင်စောတို့ရဲ့ မြို့သေးသေးလေးက ဆောင်းဝင်ပြီဆို မြူထူထူဖြင့် စိမ့်နေအောင် အေးခဲလှတယ်။အပူချိန်က 14°Cအထိကို ကျတယ်လေ။

"အမေ့ လက်အိတ်ရော ခုနက ဒီနားမှာ တင်ခဲ့တာ..."

"အော် ဒီမှာ ဒီမှာ ဝတ်သွားမဲ့ဟာ မဟုတ်ဘူး ထင်လို့ ကောက်သိမ်းလိုက်တာ..."

ခရီးများအဆုံးထိ...လျှောက်(Complete)Where stories live. Discover now