Chapter-27 : The Secret of Aiden

1.1K 280 29
                                    

အခန်း (၂၇) - Aiden ၏ လျှို့ဝှက်ချက်

နောက်တစ်နေ့ မနက်ခင်း၌ Xiwei ဟာ Klaire ၏အိမ်သို့ မနက်စာစားပြီး နောက်သွားခဲ့သည်။
အရှင်မင်းကြီး Trent က Xiwei တစ်ယောက်ထဲသွားခဲ့တာကို စိတ်ပူတာကြောင့် Craig နှင့် တော်ဝင်ကိုယ်ရံတော်အသင်းကိုပါ ခေါ်ဆောင်သွားစေခဲ့သည်။ ဒါကြောင့်မလို့ အကူညီမဲ့နေသော Xiwei လေးဟာ မျက်နှာအမူယာလုံးဝမရှိသည့် Criag နှင့်အတူ သွားခဲ့ရတော့သည်။

လမ်းတစ်လျှောက်လုံးတွင် ဗိုလ်ချုပ်ကြီး Criag ဟာ တိတ်ဆိတ်နေခဲ့သည်။ လွင့်မျှောနေတဲ့ကားပေါ်က လေထုကို ကိုးရိုးကားရား နိုင်စေခဲ့သည်။ Xiwei က စကားစပြောရမှာပျင်းတာကြောင့် အပြင်ဘက်က ရှုခင်းတွေများကိုသာ ကြည့်ရှုနေခဲ့သည်။ ကံကောင်းစွာနဲ့ဘဲ ခဏကြာတော့ Klaire ရဲ့ အိမ်သို့ ရောက်လာခဲ့သည်။ Xiwei ကို အံ့သြသွားစေခဲ့တာကတော့ Klaire ရဲ့အိမ်ရှေ့မှာ တပ်သားများ နှစ်တန်းခွဲကာ ရပ်နေခဲ့ပြီး လွင့်မျှောနေသော ကားတွေဟာလည်း ရပ်နားထားခဲ့သည်။ကြယ်တာယာ တပ်ရဲ့ သ​​ေ​​င်္ကတဖြစ်တဲ့ အပြာရင့်ရောင် ကြယ်ပုံသဏ္ဍာန်များကိုလည်း ကားပေါ်တွင် ရေးဆွဲထားခဲ့၏။ တပ်သားတွေအားလုံးသည် အရပ်ရှည်ပြီး ရုပ်ထုများကဲ့သို့ လုံးဝမလှုပ်ဘဲ ရပ်နေခဲ့သည်။

Craig ဟာ ထိုမြင်ကွင်းကို အဝေးကနေပြီး ကြည့်နေခဲ့သည်။ ဗိုလ်ချုပ်ကြီး Byron ဟာ မကြာခင် အိမ်ကနေထွက်ခွာတော့မယ်ဆိုတာကို သိနေတာကြောင့် သူက Xiwei ကိုပြောလိုက်တယ် " အရှင့်သား.. ဒီနားလေးမှာဘဲ ခဏလောက်စောင့်ဆိုင်းခွင့်ပြုပါ "

Xiwei က ခေါင်းငြိမ့်လိုက်သည်။

သေချာပေါက်ဘဲ မကြာခင်အချိန်တွင်းမှာ ဗိုလ်ချုပ်ကြီး Byron ဟာ တပ်သားအချို့နှင့်အတူ စံအိမ်တွင်းထဲမှ ထွက်လာခဲ့ကာ လွင့်မျှောနေသော ​ကားများပေါ်တက်ပြီးထွက်ခွာသွားခဲ့တော့သည်။ ကြယ်တာယာတပ်စုတွေရဲ့ ကားတွေဟာ ကြယ်ပျံများသကဲ့သို့ မြင်ကွင်းထဲမှ ချက်ချင်းပျောက်ကွယ်သွားခဲ့တော့သည်။

အဲ့ဒီနောက်မှာတော့ Craig က တော်ဝင်ကိုယ်ရံတော်များကို ရွှေ့လျားဖို့အမိန့်ပေးလိုက်ကာ Klaire ၏ စံအိမ်တော် ရှေ့တွင် ရပ်နားလိုက်သည်။ သူကိုယ်တိုင် ပထမမင်းသားကို အဖော်ပြု၍ တံခါးပေါက်ဝသို့ သွားခဲ့သည်။

 <ဘာသာပြန်>Where stories live. Discover now