Chapter 31 : Growing Up

1.1K 291 15
                                    

Unicode Verion

အခန်း (၃၁) ကြီးပျင်းလာခြင်း

အချိန်တွေ ကုန်တာမြန်လွန်းသည်။ ကလေးများ ကြီးပြင်းလာသော အရှိန်သည် ဧကရာဇ် Trant နှင့်မိဖုရား Anna တို့အား အံ့သြသွားစေခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း ဆိုဖာပေါ်တွင် ထိုင်နေစဉ် ယခင်က ခြေထောက်တိုနေသော ကလေးလေးသည် ယခုအခါသေးသွယ်သော ကောင်လေးတစ်ယောက်ဖြစ်လာသည်။

စိန့်ပေါလ်အကယ်ဒမီရှိ Xiwei ၏ ဘဝဇာတ်ကြောင်းကို Omega များအတွက် အားပေး စရာ ဝတ္ထုတစ်ခုအဖြစ်တောင် ရေးသားနိုင်သည်။

သူ့အသက် ၉ နှစ်အရွယ်တွင် သူနှင့် Klaire တို့သည် အပြာရောင်ခါးပတ်ကို ယူ၍ တစ်ကျောင်းလုံးရှိ Alpha များကို အံ့သြစေခဲ့သည်။

Xiwei သည် ၁၀ နှစ်သားတွင် အလွန်ရှုပ်ထွေးသည်ဟု သိထားသော Mecha စက်ရုပ် မောင်းနှင်မှုသီအိုရီနှင့် ပတ်သက်သော စာမေးပွဲ၌ ပြီးပြည့်စုံသော ရမှတ်ကို ရရှိခဲ့ပြီးတစ်ကျောင်းလုံးကို တစ်ဖန်ထိတ်လန့်စေခဲ့ပြန်သည်။

သူသည်အသက် ၁၁ နှစ်အရွယ်တွင် တောတွင်းရှင်သန်ရေး သင်တန်းကို တက်ရောက်ခဲ့သည်။ သူသည် ဆရာနှင့် အတန်းထဲရှိ အခြားကလေးများနှင့် အတူတောထဲတွင် ရှင်သန်ခြင်း အတတ်ပညာကို သင်ယူခဲ့သည်။ မရေမတွက်နိုင်သော အသိဥာဏ်ရှိသောစက်ရုပ်များ၏တိုက်ခိုက်မှုအောက်တွင် Alpha များစွာသည် လမ်းတစ်ဝက်တွင် အရှုံးပေးခဲ့သည်။ သို့သော်လည်း Xiwei သည် အဆုံးအထိဆက်လက်ရပ်တည်ခဲ့ပြီး ပထမဆုကိုပင်ဆွတ်ခူးနိုင်ခဲ့သည်။

အသက် ၁၂ နှစ်အရွယ်တွင် စိန့်ပေါလ်အကယ်ဒမီသည် အဆင့်နိမ့် အသိဥာဏ်ရှိသော Mecha သံချပ်ကာစက်ရုပ် မောင်းနည်းသင်တန်းကို သင်ပေးခဲ့သည်။ ဘုရင်မင်းမြတ်သည် Xiwei အား Alpha ကဲ့သို့ အတန်းများပေးရန် ကျောင်းအုပ်ကြီးအား အမိန့်ပေးခဲ့သောကြောင့် Xiwei သည်လည်း ဤစက်ရုပ်မောင်းသင်တန်းတွင် ပါ၀င်သော ကျောင်းမှတစ်ဦးတည်းသော Alpha မဟုတ်သည့် ကျောင်းသားဖြစ်လာခဲ့သည်။ ရလဒ်အနေနှင့် Xiwei သည် သူ၏အနီရဲရဲ Mecha သံချပ်ကာစက်ရုပ်အား ပြိုင်ဘက်မရှိ လှပစွာ မောင်းနင်နိုင်ခဲ့ပြီး Alpha များကို ရုပ်ဆိုးစေခဲ့သည်။

 <ဘာသာပြန်>Where stories live. Discover now