Chapter 34 : An Old Affair

2.8K 376 47
                                    

Unicode Version

အခန်း (၃၄) ယခင်က ပြဿနာ

နောက်တစ်နေ့နံနက်၌ ဗိုလ်ချုပ် Craig ကိုယ်တိုင် Xiwei အား နန်းတော်မှ ထွက်ခွာရန်ခေါ်ဆောင်သွားခဲ့သည်။ Xiwei သည် အဖြူရောင် ကြောင်လေးနှင့်အတူ Klaire အိမ်တံခါးသို့ရောက်လာခဲ့သည်။ Klaire သည် Xiwei ကိုစောင့်နေပြီး အကျွမ်းတဝင်ရှိသော အနက်ရောင်ကြောင်ငယ်လေးကို သူ၏လက်၌ကိုင်ထားသည်။ ကြောင်နှစ်ကောင်သည်တစ်ဦးကိုတစ်ဦးတွေ့သည်နှင့် ချက်ချင်းပင်သူတို့၏ သက်ဆိုင်ရာပိုင်ရှင်၏ ရင်ခွင်မှ ခုန်ဆင်းလာပြီးနောက် အလွန်ပျော်ရွှင်စွာကြည့်ကာ တစ်ယောက်နှင့်တစ်ယောက် မြောင်ဟုအော်ကာ နှုတ်ဆက်လိုက်ကြသည်။

Klaire က ပြောလိုက်သည်။
“ သူတို့နှစ်ကောင်လုံးက ကိုယ်တို့နှစ်ယောက်ထက် ပိုပြီးစိတ်လှုပ်ရှားနေသလို အမြဲခံစားရတယ်”

Xiwei က ပြုံးလိုက်သည်။
"သွားစို့၊ Aiden က ငါတို့ကို သူ့အိမ်က စောင့်နေလိမ့်မယ်၊ ငါတို့ လမ်းမှာ Carlo ကိုဝင်ခေါ်ရအုံးမယ် "

သူတို့က ကြောင်ကလေးများကို Klaire ၏ညီလေး Kevin ၏ စောင့်ရှောက်မှုအောက်၌ ထားခဲ့ပြီး Carlo ၏အိမ်ဆီသို့ ဦးတည်ဖို့ ကားထဲသို့ အတူတကွ ၀င်လာခဲ့ကြသည်။ မကြာမီ Carlo သည်လည်း ကားအတွင်းသို့ ၀င်လာသည်။

ယာဉ်တန်းသည် Aiden ၏ အိမ်သို့ရောက်သောအခါ Aiden သည် အိမ်တံခါးရှေ့တွင် အကြာကြီးစောင့်နေခဲ့ပုံရသည်။

သို့သော် Xiwei နှင့်အတူ ထပ်ရောက်လာသည့် အရပ်ရှည်သော ဗိုလ်ချုပ်ကြီးကို မြင်သောအခါ Aiden ၏ မျက်ခုံးများက တွန့်ချိုးသွားတော့သည်။ သူကလေးဘဝတုန်းက ဗိုလ်ချုပ်ကြီး Craig ကိုတွေ့တိုင်း ထိုသူ့ဆီမှ ပုန်းကွယ်ချင်သည့်အထိ ကြောက်တတ်သည်။။ ယခု သူကြီး​လာသောအချိန်တွင်
သူ့ကြောက်စိတ်က အရင်ကလောက်မကြီးမားတော့ပေမယ့် သူ့နှလုံးသားမှာ မသက်မသာခံစားနေရသေးသည်။

တစ်ချိန်တည်းမှာပင် Craig ၏ မျက်လုံးများသည် ထိုလူငယ်အား စူးစိုက်ကြည့်လိုက်သောအခါ သူ့နှလုံးသားထဲ၌ ထူးဆန်းသောခံစားချက် တစ်ဖန်ပေါ်လာပြန်သည်။

သစ်အယ်သီးရောင်ဆံပင်ကလေးကို သူပထမဆုံးမြင်သောအခါ သူ့ထံမှရင်းနှီးသောအရာတစ်ခုကို ခံစားမိသည်။ Aiden ငယ်ငယ်တုန်းက အရမ်းနူးညံ့ပြီး ချစ်ဖို့ကောင်းတယ်လို့ ထင်ခဲ့တာကြောင့် သူရင်းနှီးချင်ခဲ့သည်။ ဒါပေမယ့် အခု သူကြီးလာသောအချိန်၌ ဆယ်ကျော်သက်ရဲ့ နူးညံ့တဲ့မျက်နှာသွင်ပြင်နှင့် သူ့ခန္ဓာကိုယ်သေးသေးက သူ့မှတ်ဥာဏ်ထဲမှ လူငယ်တစ်ဦး၏ပုံနှင့် ထပ်တူနီးပါးတူညီနေခဲ့သည်။

You've reached the end of published parts.

⏰ Last updated: Aug 15, 2021 ⏰

Add this story to your Library to get notified about new parts!

 <ဘာသာပြန်>Where stories live. Discover now