Chapter 6 : Childhood Sweetheart (1)

3K 677 29
                                    

Zawgyi version

အခန်း (၆) ငယ်ချစ်ဦး

မိဖုရား Anna နဲ့ လေဒီ Grace တို့မှာ Xiwei နဲ့ Klaire တို့ အနာဂတ်အကြောင်းအရာတွေနဲ့ပတ်သတ်ရင် ပြောစရာ ခေါင်းစဉ်တွေအများကြီးရှိကြတယ်။

ပထမဦးဆုံး မိဖုရား Anna ရော လေဒီ Grace ပါကိုယ်ဝန်ရှိနေတာကိုသိခဲ့ကြတယ်။ သူတို့က Klaire မွေးမယ့်ရက်က ဂျွန် ၂၂ လို့ခန့်မှန်းခဲ့ပြီး Xiwei မွေးမယ့်ရက်က ဂျွန် ၂၆ ဆိုပြီးခန့်မှန်းခဲ့တယ်။သူတို့နှစ်ယောက်ကြားမှာ တစ်ပတ်ခြားတယ်။ဒါပေမယ့် ဘယ်သူက ကလေးတွေက နည်းနည်းစောပြီးတော့ ဂျွန် ၂၁ ရက်နေ့မှာဘဲ တစ်ရက်ထဲတူတူမွေးလာမယ်လို့ မထင်ခဲ့ကြဘူး။အဲ့နေ့က မေထုန်ရာသီရဲ့နောက်ဆုံးနေ့ဖြစ်ပြီး မနက်စောစောမှာ အလွန်ရှားပါးတဲ့ဖြစ်ရပ်ဖြစ်တဲ့ ကြယ်တွေအများကြီးကြွေတာဖြစ်ခဲ့တယ်။အဲ့တာက စကြာဝဠာကြီးကိုယ်တိုင်က သူတို့နှစ်ယောက်ရဲ့ ဆက်စပ်နေတဲ့ ကံကြမ္မာကို ကောငိးချီးပေးချင်နေသလိုဘဲ။

လွန်ခဲ့တဲ့တစ်နှစ်က ကလေးနှစ်ယောက်က ပုခတ်ထဲမှာရန်ဖြစ်နေတာကိုနေ့တိုင်းတွေ့နိုင်တယ်။ Xiwei ရဲ့လက်သီးလေးဟာ Klaire ရဲ့ နှားခေါင်းပေါ်တည့်တည့်ထိုးမိပေမယ့် အနိုင်ကျင့်ခံရတဲ့ Klaire လေးဟာ Xiwei ဆီလိမ့်ပြီးပြန်လာခဲ့တယ်။သူတို့စကားပြောနိုင်ပြီး လမ်းလျှောက်နိုင်တဲ့အချိန်မှာတောင် Klaire က Xiwei ရဲ့နောက်ကိုလိုက်ရတာ ကြိုက်နေတုန်းဘဲ။သူ့ရဲ့အကြည့်က Xiwei ရဲ့ပုံရိပ်ကို စပ်စုစွာ လိုက်ကြည့်နေတယ်။Xiwei လုပ်တာအကုန်လုံးကိုလိုက်မှတ်ထားပြီး အိမ်ပြန်ရောက်ရင် လိုက်လုပ်ဖို့ လိုက်ကြည့်နေတာဖြစ်တယ်။

Klaire က Xiwei ဖတ်တဲ့စာအုပ်တွေရဲ့ နာမည်ကိုမှတ်ထားတယ်။ပြီးတော့ သူအဲ့စာအုပ်တွေကို နားမလည်တာတောင်မှ သူ့အမေကို တူညီတဲ့စာအုပ်တွေပေးဖို့ပြန်မေးလေ့ရှိတယ်။

အမြဲတမ်း Xiwei ကိုသူ့အကြိုက်ဆုံး အရုပ်တွေကိုလည်း သူ့ဘက်ကစပြီးပေးလေ့ရှိတယ်။ကံမကောင်းစွာနဲ့ဘဲ Xiwei ဟာ အရုပ်တွေကို လုံးဝစိတ်မဝင်စားဘူးဆိုတာ သူလုံးဝမသိခဲ့ဘူး။

နေ့တိုင်းနီးပါး Grace ဟာ သူ့သား Xiwei နောက်ကိုလိုက်နေတာကကြည့်ပြီး သက်ပြင်းသာချနိုင်တော့တယ်။သူမကပြောတယ် "Klaire က Xiwei နားကပ်ရတာကိုကြိုက်ပေမယ့် Klaire နဲ့ သူ့ညီလေးနဲ့ ဆက်ဆံရေးကတော့မကောင်းဘူး"

 <ဘာသာပြန်>Where stories live. Discover now