Chapter 16 : Memory fragments (3)

2.4K 593 9
                                    

Zawgyi version

အခန်း (၁၆) မှတ်ဥာဏ်အပိုင်းစများ

နောက်တစ်နေ့မှာတော့ ကျောင်းပိတ်ရက်ရောက်ပြီ
ဖြစ်တာကြောင့် Klaire က ဆေးပေးခန်းကို ဒေါက်တာ Mia နဲ့တွေ့ဖို့ သွားခဲ့တယ်။

လတ်တလောမှာတော့ Xiwei နဲ့ ဆရာဝန်ကသာ ဒီအိမ်မက်တွေအကြောင်း သိထားတာဖြစ်တယ်။ပြီးတော့ Xiwei ကလည်း Klaire က ထူးဆန်းနေတဲ့
အိမ်မက် မက်တယ်လို့ဘဲ သိထားတာဖြစ်တယ်။သူကအိမ်မက်ထဲမှာ ပါဝင်တဲ့ အဓိက အကြောင်းအရာ တွေကို မပြောပြခဲ့ဘူး။ဒါကြောင့် သူက Xiwei ကို သိပ်စိတ်ပူစရာ မလိုဘူး။ ဒါပေမယ့် ဒေါက်တာ Mia ကတော့မတူဘူး။ အိပ်မွေ့ချနေတဲ့အချိန်မှာ Klaire က အသိစိတ်မရှိတာကြောင့် သူမကို ဘာတွေပြောခဲ့လဲဆိုတာ မသိဘူး။ ဒါကြောင့် သူမကို ဒီအကြောင်းတွေကို လျှို့ဝှက်ထိန်းသိမ်းထားပေးဖို့ နည်းလမ်းရှာရမယ်။

Mia ဟာ Klaire တံခါးကို တွန်းဖွင့်ပြီးဝင်လာတာကို မြင်တော့ သူ့ကိုချက်ချင်းဘဲ ကုသတဲ့အခန်းထဲ ခေါ်သွားခဲ့တယ်။ "Klaire မင်းဒီရက်တွေအတွင်သ ဘယ်လိုခံစားရလဲ"

Klaire ကပြောလိုက်တယ် "ပိုကောင်းလာပြီ"

Mia ကသူ့ကို သေချာလေး စစ်ဆေးလိုက်ပြီး "ကောင်းပြီ။စစ်ဆေးမှုလုပ်လိုက်ရအောင်။ မင်းက တကယ်အစစ်အမှန်အတိုင်း ဖြေဖို့တော့လိုတယ်"

သူက Klaire ကိုမေးခွန်းတွေကို ပေးလိုက်တယ်။ Klaire ကသေချာကြည့်လိုက်တယ်။ အဲ့တာက ပုံမှန် စိတ်ကျန်းမာရေးစစ်ဆေးတဲ့ မေးခွန်းဖြစ်ပြီး စိတ်ကစဥ့်ကလျားဖြစ်တဲ့အခြေအနေက ဘယ်လောက်ပြင်းထန်လဲဆိုတာ စစ်ဆေးတဲ့ မေးခွန်းဖြစ်တယ်။
ဒီဟာကို အရင်ကသာ သူ့ကိုဖြေခိုင်းခဲ့ရင် အကုန်လုံးကို အမှန်အတိုင်းဖြေလိုက်မှာ ဖြစ်တာကြောင့်
ပြင်းထန်တဲ့ စိတ်ကစဥ့်ကလျားရောဂါအဖြစ် အဖြေထွက်လာမှာ ဖြစ်တယ်။ ကံကောင်းတာကတော့ သူဟာ အရင်ကမှတ်ဥာဏ်တွေကို ပြန်ရပြီဖြစ်တာကြောင့် ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာ သိလာပြီဖြစ်တယ်။

သူ့ရဲ့အခြေအနေတွေကို သက်သာလာတဲ့ အခြေအနေဖြစ်အောင် မေးခွန်းတွေကို ရွေးဖြေခဲ့တယ်။
Mia က သူ့စာရွက်က အဖြေတွေကိုကြည့်လိုက်ပြီး
ပြုံးလိုက်ကာ "ကြည့်ရတာကတော့ မင်းအခုတစ်လော အခြေအနေတိုးတက်လာပြီ။မင်းအိမ်မက်ထဲမှာ တခြားသူကိုမြင်ရသေးလား"

 <ဘာသာပြန်>Where stories live. Discover now