Chapter 15 : Memory fragments (2)

2.4K 581 6
                                    

Zawgyi version

အခန်း (၁၅) မှတ်ဥာဏ်အပိုင်းစများ

စိတ်ကျန်းမာရေး ဆရာဝန် Mia ရဲ့ အိပ်မွေ့ချတဲ့ အကူအညီနဲ့ Klaire ဟာ သူငယ်ငယ်ကတည်းက မက်ခဲ့တဲ့ အိမ်မက် အပိုင်းစတွေကို ဆက်စပ်လာနိုင်ခဲ့တယ်။ သူနောက်ဆုံးမှာတော့ အိမ်မက်ထဲက လူရဲ့နာမည်ကို မှတ်မိခဲ့ပြီ။ သူ့နာမည်က Yu Qianhe.

Yu Qianhe က သူ့မိသားစုမှာ တစ်ဦးတည်းသော သားဖြစ်တယ်။သူ့အဖေနာမည်က Yu Shaodong,
ကြီးမားတဲ့ ဖျော်ဖြေရေး ကုမ္ပဏီတစ်ခု တည်ထောင်ထားတယ်။သူက တက္ကသိုလ်ကနေ အသက် ၂၃ နှစ်မှာ ဘွဲ့ရခဲ့တယ်။ဒါကြောင့် သူ့အဖေက သူ့ကို ငယ်ငယ်လေးနဲ့ ဘွဲ့ရခဲ့လို့ ကုမ္ပဏီကို လွှဲပြောင်းပေးဖို့ မယုံကြည်ခဲ့ဘူး။ သူက သူ့အဖေ အပေါ်မမှီခိုချင်တာကြောင့် Yu Qianhe က သူက သူဌေးသားဆိုတာကို လျှို့ဝှက်ထားပြီး ကုမ္ပဏီက ဝန်ထမ်းအသစ်တွေခေါ်တဲ့အချိန်မှာ မန်နေဂျာ ဖြစ်လာတာဖြစ်တယ်။

အသစ်တစ်ယောက်အနေနဲ့ သူက အဆင့်အမြင့်ဆုံး အနုပညာရှင်ကို တာဝန်မယူခဲ့ရဘူး။ ကုမ္ပဏီက သူ့ကို မန်နေဂျာတစ်ယောက်အနေနဲ့ လုပ်ရမယ့်နည်းလမ်းတွေ သင်ယူဖို့အတွက် သင့်တော်တဲ့ တစ်ယောက်ယောက်ကို စီစဉ်ပေးခဲ့တယ်။အဲ့ဒီသူက
Ji Ran လို့ခေါ်တယ်။ Ji Ran က ပွဲဦးထွက်စမှာ ဇာတ်ပို့နေရာတွေ အရံနေရာတွေမှာဘဲ ပါထားတဲ့ တတိယအဆင့် မင်းသား ဖြစ်တယ်။ Yu Qianhe ကသူ့ရဲ့ အချက်အလက်ကို ကြည်လိုက်ပြီး သူ့ရဲ့စိတ်ထဲမှာ မကျေမနပ်ဖြစ်လာတာကို ခံစားလိုက်ရတယ်။ ဒီသူဟာ အနုပညာနယ်ပယ်မှာ ဒီလောက်ထိကြာတာတောင် ထိပ်တန်းအဆင့်မင်းသား မဖြစ်လာသေးဘူး။ သေချာတာကတော့ သူ့ကို တိုးတက်အောင် မပံ့ပိုးပေးတာဘဲ ဖြစ်ရမယ်။

JiRan ကို အပြင်မှာ တွေတဲ့အခါမှာတော့ ပုံတွေထဲကထက်ကြည့်ကောင်းနေတာကြောင့် Qianhe က အံ့သြသွားခဲ့တယ်။သူက ခန့်ညားပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ စရိုက်ရှိတယ်။သူအပြုံးက တောက်ပလွန်းတယ်။ဒါပေမယ့် သူစကားပြောတဲ့ အချိန်မှာ တည်ကြည်လွန်းတယ်။အနုပညာ အသိုင်းဝိုင်းမှာဆိုရင် JiRan လို အပြစ်ကင်းတဲ့သူက တော်တော်ရှားတယ်။

Klaire ရဲ့ နောက်ဆုံးအိမ်မက်က လက်မှတ်ထိုးတဲ့အဖြစ်အပျက် ဖြစ်တယ်။Ji Ran ကသူ့နာမည်ကို စာချုပ်ပေါ်မှာ လက်မှတ်ထိုးလိုက်ပြီး သူ့ကိုပြန်ပေးကာ ပြောလိုက်တယ် "ငါတို့ကအသက်အတူတူဘဲယ မင်းကို Qianhe လို့ခေါ်လို့ရမလား"

 <ဘာသာပြန်>Where stories live. Discover now