Chapter 25 : fighting technique (2)

2.6K 579 19
                                    

Zawgyi version

အခန်း (၂၅) တိုက်ခိုက်ခြင်းနည်းလမ်း

Klaire ရဲ့လျင်မြန်တဲ့ တိုးတက်နှုန်းက မမျှော်လင့်စွာဘဲ အတန်းထဲက Alpha တွေရဲ့ တိုက်ခိုက်ချင်စိတ်ကို တိုးသွားစေတာကို Tony တောင်မှ မထင်မိခဲ့ဘူး။

"အတန်းထဲမှာ အဆင့်အနိမ်အဆုံးရခဲ့တဲ့ Klaire တောင်မှ ၈၈ မှတ် ရခဲ့သေးတာဘဲ။ ငါရော သူလို့သာ ကြိုးစားရင် ဘာပြောကြမလဲ"

အတန်းထဲက ကလေးတွေအားလုံးက ဒီလိုခံစားခဲ့ရတယ်။သူတို့အားလုံးဟာ စိတ်အားထက်သန်လာခဲ့တယ်။

အဲ့ဒီနေ့ကစပြီးတော့ ကျောင်းဆင်းပြီးတဲ့ ညနေတိုင်း အတန်း A ကကျောင်းသားတွေဟာ မြန်မြန်ဘဲ တတိယထပ်မှာရှိတဲ့ အခန်းတွေကို လေ့ကျင့်ဖို့သွားကြတယ်။လုံလောက်တဲ့အခန်းတွေမရှိတော့တာကြောင့် သူတို့ကနှစ်ယောက် သုံးယောက် အုပ်စုဖွဲ့ပြီး မျှသုံးခဲ့ရတယ်။ ကလေးတွေအားလုံးဟာ အခန်းတွေကို ကြိုတင်ယူခဲ့ကြတယ်။အဲ့တာက Xiwei နဲ့ Klaire တို့ကို ပျာယာခတ်စေတယ်။ နောက်ဆုံးမှာတော့ Xiwei က သူ့ရဲ့အဆင့်အမှန်ကို ဖုံးကွယ်ထားတဲ့ Omega တစ်ယောက်ဘဲ ဖြစ်တယ်။ အတန်းထဲက သူတစ်ယောက်သာ လေ့ကျင့်တဲ့အခန်းထဲမှာ Xiwei ရဲ့ တိုက်ခိုက်ရေးအဆင့်အမှန်ကိုသာ တွေ့သွားခဲ့ရင် သံသယဝင်လာလိမ့်မယ်။

ရက်အနည်းငယ်ကြာတဲ့အခါမှာတော့ Klaire ကအိပ်ဆောင်အနောက်က သစ်တောထဲမှာ လေ့ကျင့်ဖို့ တွေးမိသွားတယ်။

ကြယ်ငါးခုအသီးပင်သစ်တောက အလွန်ကြီးတယ်။
စိန့်ပေါ်လ်ကျောင်းတစ်ခုလုံးကို ဝိုင်းထားခဲ့တယ်။
သစ်ပင်တွေကထူထပ်ပြီးတော့ သစ်ရွက်တွေကလည်း ငွေရောင်ဖြစ်သာကြောင့် သူတို့သာ အဖြူရောင်ဝတ်ထားခဲ့ရင် သစ်ပင်တွေနဲ့ ဖုံးကွယ်လို့ရတယ်။

ဒါပေမယ့် တောထဲမှာ ဘာသဲအိတ်မှမရှိတာကြောင့် Klaire ရဲ့တိုးတက်မှုကို မသိနိုင်ဘူး။

ကံကောင်းတာက Xiwei မှာ တိုက်ခိုက်ရေးအတွေ့အကြုံတွေ အများကြီးရှိနေတယ်။ သူက Klaire ရဲ့ကိုယ်ဟန်ကိုကြည့်တာနဲ့ အမှားကိုတွေ့နိုင်တယ်။ ပြီးတော့ ချက်ချင်းရှေ့တိုးလိုက်ပြီး ပြင်ပေးတယ်။
အချိန်တွေကုန်လာတာနဲ့အမျှ Klaire ရဲ့ကိုယ်ဟန်က စာအုပ်ထဲကအတိုင်းလိုဘဲ တိကျမှန်ကန်လာခဲ့တယ်။သူက လက်သီး အချက်ငါးဆယ်ကို မောပန်းမှုမရှိဘဲနဲ့ တရစပ်ထိုးလာနိုင်ခဲ့တယ်။

 <ဘာသာပြန်>Where stories live. Discover now