Chapter 7 : Childhood Sweetheart(2)

2.8K 655 9
                                    

Zawgyi version

အခန်း (၇) ငယ်ချစ်ဦး

Xiwei မွေးပြီးမကြာခင်မှာဘဲ Berg ကသူ့နန်းတော်ကို ခေါ်သွားပြီးပြောပြခဲ့တယ် "Omega မင်းသားအနေနဲ့ မင်းကငါ့လိုဘဲ နန်းတော်ထဲမှာနေရလိမ့်မယ်။မင်းအရွယ်ရောက်လာတဲ့အခါမှာ Alpha တစ်ယောက်နဲ့လက်ထပ်ရလိမ့်မယ်" အဲ့ဒီအချိန်တုန်းက Xiwei ကအဲ့ဒီစကားတွေကို နားမလည်ခဲ့ဘူး။

အခုတော့သူက ကမ္ဘာကြီးရဲ့ စည်းကမ်းတွေကိုသိသွားပြီဖြစ်တာကြောင့် တကယ်လို့ ဦးလေး Berg ကလက်ထပ်ရမယ်ဆိုရင် သူက Alpha ရဲ့ အမှတ်အသားလုပ်တာကိုခံရမယ်။နောက်တော့ကလေးတွေမွေးပေးရလိမ့်မယ်။

သူကအဲ့တာကိုတွေးပြီးတဲ့နောက်မှာ လက်မခံနိုင်ခဲ့ဘူး။သူ့ဦးလေးက လူကောင်းတစ်ယောက်ဖြစ်တယ်။ဘာလို့ Alpha တစ်ယောက်နဲ့ အတင်းအကြပ်လက်ထပ်တာကိုခံရပြီး ကလေးမွေးပေးရမှာလဲ။ဘာလို့ သူကြိုက်နှစ်သက်တဲ့သူကို ရွေးလို့မရတာလဲ။

နောက်တစ်နေ့ Xiwei ဟာသူ့ဦးလေးကိုတွေ့တဲ့ အချိန်မှာ မမေးဘဲနဲ့ မနေနိုင်ခဲ့ဘူး။ "မနေ့က အဖေက ဦးလေးလက်ထပ်တော့မယ်လို့ ပြောတာကို ကြားခဲ့တယ်"

Berg ကခုံပေါ်မှာ စာအုပ်ဖတ်ပြီး ထိုင်နေခဲ့တယ်။ သူ Xiwei မေးတာကိုကြားတဲ့အခါမှာ ခဏနားပြီးတော့ တည်ငြိမ်စွာဖြေလိုက်တယ်။ "ဟုတ်တယ် လက်ထပ်ပွဲက ဆုံးဖြတ်ပြီးပြီ။ဒီနှစ်ထဲမှာဘဲ လက်ထပ်လိမ့်မယ်"

Xiwei ကမေးလိုက်တယ်။ "Alpha ကို တွေ့ပြီးပြီလား"

"တွေ့ပြီးပြီ"

"ဦးလေးသူ့ကိုကြိုက်လား"

Berg ကပြုံးလိုက်ပြီး သူ့စာအုပ်ကိုချလိုက်တယ်။ သူက Xiwei ကိုကြည့်ပြီးပြောလိုက်တယ်။ "ငါသူ့ကိုကြိုက်တာမကြိုက်တာက အရေးမကြီးပါဘူး။မင်းကဒါကိုနားလည်ဖို့ ငယ်လွန်းသေးတယ်။မင်းသားတစ်ယောက်အနေနဲ့ အရာအများကြီးကို ငါတို့ထိန်းချုပ်လို့မရဘူး။မင်းအဲ့တာကို ကြီးလာရင် နားလည်လာလိမ့်မယ်"

Xiwei "………"

အမှန်တိုင်းပြောရရင် Xiwei နားလည်တယ်။ ဦးလေး Berg ရဲ့ လက်ထပ်တာက တစ်နည်းနည်းနဲ့ နိုင်ငံရေးနဲ့ ပတ်သတ်နေလိမ့်မယ်။ အရှင်မင်းကြီး ရွေးချယ်လိုက်တဲ့ Alpha ကရိုးရှင်းတဲ့ မိသားစု ကတော့မဖြစ်နိုင်ဘူး။ Alpha ရဲ့မိသားစုနောက်ခံက အင်ပါယာမိသားစုကို ခိုင်လုံတဲ့ အကျိုးအမြတ်ရရှိစေမယ်ဆိုတာ ထင်ရှားတယ်။

 <ဘာသာပြန်>Where stories live. Discover now