Chapter 8 : Childhood Sweetheart (3)

2.8K 675 9
                                    

Zawgyi version

အခန်း(၈) ငယ်ချစ်ဦး

ဗိုလ်ချုပ်ကြီး Byron ရဲ့အိမ်မှာတော့
Klaire က ဝင်ခွင့်ရမှတ်တွေကိုကြည့်နေခဲ့တယ်။
သူအမှတ် 80 ဘဲရတာကိုမြင်တဲ့ အခါမှာတော့စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့တယ်။ အဲ့တာက သူစိတ်မချမ်းမြေ့ဖွယ်ရာကောင်းတဲ့ လေ့ကျင့်မှုတွေပြုလုပ်ခဲ့ရလို့ ဖြစ်ကောင်းဖြစ်နိုင်တယ်။

Grace ကမီးဖိုထဲမှာ ညစာပြင်ဆင်နေခဲ့တယ်။သူမက ခေါင်းငုံ့နေတဲ့ Klaire ကိုကြည့်ပြီး "စာမေးပွဲရလဒ်တွေထွက်ပြီလား" လို့မေးလိုက်တယ်။

Klaire ကခေါင်းငြိမ့်လိုက်ပြီး "ကျွန်တော်ဝင်ခွင့်ရတယ်"

Grace ကမေးလိုက်တယ် "သားဘယ်နှစ်မှတ်ရတာလဲ"

Klaire က ခဏငြိမ်သွားပြီး တိုးတိုးလေးပြောလိုက်တယ် "80 မှတ်"

"........." ရလဒ်ကိုကြားတဲ့ Mrs.Grace က အံ့သြ စွာနဲ့ နောက်ပြန်လှည့်ကြည့်လိုက်တယ်။ဒါပေမယ့် သူ့သားမျက်နှာပေါ်မှာ စိတ်အားငယ်နေတာကို မြင်တဲ့အခါမှာတော့ သူမက သက်ပြင်းချပြီးမေးလိုက်တယ် "မင်းဘာလို့ဒီလို အမှတ်နည်းနည်းလေးဘဲရတာလဲ။ငါသေချာမှတ်မိပါတယ်။စိန့်ပေါ်ကျောင်းရဲ့အမြင့်ဆုံးအမှတ်က 150 မဟုတ်လား။"

Klaire ကခေါင်းလေးငုံ့ထားပြီး သူ့လက်သီးကိုဆုပ်ထားတယ်။

Grace ကထိုင်ချလိုက်ပြီး သူ့သားခေါင်းလေးကို ညင်ညင်သာသာလေး ပွတ်ပေးလိုက်တယ်။
"အမေ့ကို ဘာမှားသွားတာလည်းပြောပြပါလား"

Klaire ကရှင်းပြလိုက်တယ် " ကျွန်တော်ဒီနေ့ အရမ်းအိပ်ချင်တာကြောင့် အိပ်ပျော်သွားတယ်။ကျွန်တော်နိုးလာတဲ့အချိန်မှာ စာမေးပွဲဖြေဖို့ နာရီဝက်ဘဲကျန်တော့လို့ မေးခွန်းတော်တော်များများကို မဖြေလိုက်ရဘူး"
Grace "............"

ဒါဆို Klaire အမှတ်နည်းရတဲ့ တကယ့်အကြောင်းရင်းက အိပ်ပျော်သွားလို့ပေါ့။

Grace ကသူမ ခေါင်းကိုက်လာသလိုခံစားလိုက်ရတာကြောင့် သူမနားထင်ကိုဖိလိုက်တယ်။
"ဒီအကြောင်းပြချက်ကို မင်းအဖေမသိစေနဲ့။မင်းအဖေက အချိန်မတိကျတဲ့သူတွေကိုမကြိုက်ဖူး။မင်းအိပ်ပျော်သွားတာကိုသိရင် မင်းအဖေ အရမ်းစိတ်တိုလိမ့်မယ်"

 <ဘာသာပြန်>Where stories live. Discover now