Chapter 22 : Companionship (2)

2.6K 588 12
                                    

Zawgyi version

အခန်း (၂၂) မိတ်ဆွေအဖြစ်

အဲ့ဒီညမှာ Xiwei နဲ့ Klaire တို့က အကြောင်းအရာများစွာကိုပြောခဲ့ကြတယ်။ သူပြန်လည်မွေးဖွားတဲ့အချိန်ကတည်းက Xiwei ဟာ ဒီအချိန်လောက် စိတ်သက်သာရာရတဲ့ အချိန်မရှိခဲ့ဘူး။

Klaire က သူ့အရင်ဘဝအကြောင်းတွေကိုသိထားပြီး သူ့အတွေးတွေကိုလည်း နားလည်တယ်။

ဒီလိုထူးဆန်းတဲ့ ကမ္ဘာကြီးထဲမှာ ယုံကြည်စွာဖွင့်ပြောလို့ရတဲ့ သူငယ်ချင်းတစ်ယောက်ရှိတာက အရမ်းကောင်းတယ်။ ဒီလိုခံစားချက်မျိုးက Xiwei ကိုနွေးထွေးစေတယ်။ ဒီထူးဆန်းတဲ့ ကမ္ဘာထဲကို သူတစ်ယောက်ထဲလာခဲ့တာမဟုတ်ဖူး။ သူကအထီးကျန်တဲ့ ဝိဉာဉ်မဟုတ်တော့ဘူး။သူနဲ့ အခြေအနေတူတဲ့ သူတစ်ယောက်ရှိပြီ။

အဲ့ဒီသူက Klaire လို့ခေါ်တယ်။သူ့လိုဘဲ ကမ္ဘာမြေကြီးမှာ နေထိုင်ခဲ့တဲ့သူ။အားလုံးမေ့နေပြီဖြစ်တဲ့ ရှေ့ကျ တဲ့ လူနေမှုဘဝပုံစံကို မှတ်မိတယ်။သူက သူနဲ့အတူတူ အတက်အကျများစွာကို ကျော်ဖြတ်ခဲ့တဲ့သူဖြစ်တယ်။ သူဂုဏ်ကျက်သရေမရခင် အကောင်းအဆိုးတွေမှန်သမျှ သူနဲ့အတူတူ ဖြတ်ကျော်ခဲ့တဲ့သူဖြစ်တယ်။သူတို့နှစ်ယောက်ကြားမှာ ပြောစရာတွေအများကြီးရှိနေခဲ့တယ်။ သူတို့ခုနှစ်နေ့ ခုနှစ်ညပြောရင်တောင် ပြောလို့ကုန်မှာမဟုတ်ဖူး။

ကံမကောင်းစွာနဲ့ဘဲ သူတို့အချိန်က ကန့်သတ်ထားတယ်။ ၁၂ ထိုးခါနီးနေပြီဆိုတာမြင်တော့ Xiwei ကတည်ငြိမ်စွာရပ်လိုက်ပြီး ပြောလိုက်တယ် "ငါတို့သွားသင့်နေပြီ "

Klaire ကမတ်တပ်ရပ်လိုက်ပြီး "ကောင်းပြီ မင်းမှာ နောက်ခါပြောစရာရှိရင် ကိုယ့်ကိုဒီလာဖို့ပြောလိုက်။
ညအချိန်ဆို ဒီနေရာမှာလူနည်းနည်းဘဲ ရှိလို့ ကိုယ်တို့ဘာအကြောင်းတွေပြောနေတာလည်းဆိုတာ ဘယ်သူမှသိမှာမဟုတ်ဖူး"

Xiwei ကပျော်ရွှင်စွာပြုံးလိုက်တယ် "လှည့်ကွက်ကတော့ ခိုးထွက်ပြီး စုံထောက်တစ်ယောက်လို လာတွေ့ဖို့ဘဲ။တစ်စုံတစ်ယောက်ကရှာတွေ့သွားမယ်ဆိုရင် ငါတို့စာတွေပြန်ကျက်နေတယ်လို့ ပြောလိုက်လို့ရတယ်"

Klaire ကပြုံးပြီးပြောလိုက်တယ် "သွားရအောင်"
အဲ့ဒီနောက်သူက Xiwei လက်ကို ကိုင်လိုက်ပြီး ကျောင်းအဆောင်တွေဆီကို လျှောက်သွားလိုက်တယ်။

 <ဘာသာပြန်>Where stories live. Discover now