Chapter 3 : Rebirth

3.4K 683 30
                                    

Zawgyi version

အခန်း(၃)ပြန်လည်မွေးဖွားခြင်း

ကလေးဘဝဟာ တကယ်တော့ ပြင်းစရာကောင်းလွန်းတယ်။နေ့တိုင်း စားတာသောက်တာ အိပ်တာကလွဲရင်ဘားမှလုပ်စရာမရှိဘူး။ရုပ်ရှင်သရုပ်ဆောင် လုပ်နေတုန်းကမှ ကောင်းသေးတယ်။

သူမွေးပြီး ဒုတိယမြောက်နေ့မှာဘဲ Xi Wei ဆိုတမှတ်မိလွယ်တဲ့ နာမည်သစ်နဲ့ ပထမမင်းသားဆိုတဲ့သူ့ရဲ့ကိုယ်ပိုင်ရာထူးကို နေသားကျလာပြီ။ စက်ရုပ်မိန်းကလေးသံဟာလဲ မိဖုရား Anna ကိုယ်ပိုင် စက်ရုပ်အိမ်တော်ထိန်းရဲ့အသံ ဆိုတာသိလာရတယ်။

ဒီကမ္ဘာမှာရှိတဲ့ နည်းပညာတွေဟာ သူမျှော်မှန်းထားတာထက်ကို ပိုပြီးခေတ်မီနေတယ်။စက်ရုပ်အိမ်တော်ထိန်း Bol မှာကိုယ်ပိုင် ခန္ဓာကိုယ်မရှိဘူး။**ဒါပေမယ့်သူရဲ့ မမြင်ရတဲ့ ဥာဏ်ရည်ဥာဏ်စွမ်းဗဟို ကတော့ မိဖုရား Anna ရဲ့နန်းဆောင်ထဲမှာရှိပြီး မိဖုရားရဲ့နေ့စဉ်ဘဝ အတွက်တာဝန်ယူထားတယ်။ နေ့တိုင်း သေးငယ်တဲ့ လှည်းလေးနဲ့ အာဟာရရှိတဲ့ ဟင်းလျာတွေကို ပို့ပေးတယ်။ ပြီးတော့တစ်စုံတစ်ယောက်က နန်းဆောင်နားချင်းကပ်လာပြီဆိုရင် တံခါးတွေမှာ လျှပ်စစ်ကွန်ရက်တွေကိုအလိုအလျှောက် ဖွင့်ပြီး မိဖုရားကိုအနှောင့်ယှက်မပေးနိုင်အောင် ကာကွယ်ပေးတယ်။တကယ်လို့တစ်စုံတစ်ယောက်က မိဖုရားဆီ လာလည်ချင်တယ်ဆိုရင် မိဖုရားခွင့်ပြုချက်ရမှ Bol က တံခါးကိုဖွင့်ပေးလိမ့်မယ်။

ထပ်ပေါင်းပြောရမယ်ဆိုရင်တော့ မိဖုရားကဘာလုပ်ချင်ချင် Bol ကချက်ချင်းကူညီလိမ့်မယ်။
ဥပမာ အနေနဲ့ မိဖုရားက ကလေးကို အပြင်ခေါ်ပြီး နေပူစာလှုံစေချင်တယ်ဆိုရင် Bol က ဝရန်တာ တံခါးကိုဖွင့်ပြီး သက်သောက့်သက်သာဖြစ်စေတဲ့ ထိုင်ခုံကို သူမအတွက်ထားပေးတယ်။တကယ်လို့မိဖုရား ပူလာရင် Bol ကအခန်းအပူချိန်ကိုညှိပေးတယ်။မိဖုရားက သီးနှံတွေစားချင်ရင် ခွဲပြီးသားသီးနှံတွေကိုလာပို့တဲ့ လှည်းတစ်စီးရောက်လာမယ်။

Xi Wei ဟာမျက်လှည့်ပြနေသလိုမျိုး ခံစားနေရတယ်။မိဖုရားရဲ့ဘဝဟာ ပျော်ဖို့ကောင်းတယ်။သူမကနေ့တိုင်း နတ်ဘုရားတစ်ပါးလိုဘဲ နေရတယ်။
ဒါပေမယ့်အဲ့အကြောင်းတွေတွေးပြီးနဲ့နောက်စဉ်းစားမိတာကတော့ သူမဟာ နန်းတော်ထဲမှာဘဲနေနေပြီး အပြင်လောကနဲ့ အဆက်သွယ်ပြတ်လုနီးပါးဘဲ။ အရှင်မင်းကြီးနဲ့ တွေ့တာကလွှဲရင် တခြားသူတွေနဲ့ တွေ့တာ မရှိသလောက်နီးပါးဘဲ။

 <ဘာသာပြန်>Where stories live. Discover now