Chapter 11 : Monster class (1)

2.8K 623 3
                                    

Zawgyi version

အခန်း (၁၁) မကောင်းဆိုးဝါး အတန်း

သူကအလွန်အားနည်းတာကြောင့် Aiden ကပြန်အိပ်ပျော်သွားခဲ့တယ်။Xiwei က Kelly နဲ့ Randy မပြန်မလာချင်း Aiden နားမှာနေပေးခဲ့တယ်။ Randy ကသူ့ကလေးလေး အိပ်ပျော်နေတာမြင်တဲ့အခါမှာတော့ ကုတင်ဘေးက ထိုင်ခုံမှာထိုင်လိုက်ပြီး သူ့ခေါင်းလေးကို ပွတ်ပေးနေခဲ့တယ်။

အဖေနဲ့ကလေးကြားက ဆက်သွယ်မှုက တအားနွေးထွေးပေမယ့် Xiwei စိတ်ထဲမှာ Aiden ရဲ့မိဘတွေက မရိုးရှင်းဘူးလို့တွေးမိလိုက်တယ်။

Omega နဲ့ Alpha အတွဲဆိုရင် ဘာလို့ ဒီလောက်နှစ်အများကြီးကြာတာတောင် ကလေးဆိုလို့ Aiden တစ်ယောက်ထဲရှိရတာလဲ။ မိဖုရား Anna နဲ့ မင်းကြီး Trent တို့ရဲ့ omega-alpha အတွဲကိုကြည့်လိုက်မယ်ဆိုရင် သူတို့နှစ်ယောက်ကြားက ကောင်းမွန်တဲ့ခံစားချက်တွေရှိပြီး နှစ်နှစ်သုံးနှစ်ဆို တစ်ခါလောက် ကလေးယူကြတယ်။ heat ဖြစ်နေတဲ့ Omega တွေက ကိုယ်ဝန်ရနိုင်ခြေမြင့်မားတယ်။ Xiwei ကိုဘဲကြည့်လေ ညီမနှစ်ယောက်တောင်ရှိနေတာ။ Randy က ကလေးတစ်ယောက်ထဲဘဲ ရှိတာကထူးဆန်းနေတယ်။

သူ့စိတ်ကရှုပ်ထွေးနေပေမယ့် xiwei ကတခြားမိသားစုရဲ့ အကြောင်းကို မမေးချင်ဘူး။သူက Aiden ရဲ့ရောဂါကို စိတ်ပူတာကြောင့် Aiden သူ့အသက် ၁၄ နှစ်မပြည့်ခင် တူညီတဲ့ ပင်မဆဲလ် တွေ့ပြီး ထူးဆန်းတဲ့ ရောဂါကို ပျောက်စေချင်ရုံပါဘဲ။

Randy ကသူသားကို အဖော်ပြုပေးနေတာကို မနှောင့်ယှက်ချင်တာကြောင့် Xiwei ကတိတ်တိတ်လေး ရပ်လိုက်ပြီး သူ့ဆရာမနဲ့အတူ တံခါးကနေထွက်သွားလိုက်တယ်။

Kelly က Xiwei ကိုကြည့်လိုက်ပြီး မပြောဘဲမနေနိုင်တော့ဘူး "သားရဲ့အခန်းဖော်ကို တအားစိတ်မပူနေပါနဲ့။ဒီခေတ်မှာ ဆေးပညာတွေက အဆင့်မြင့်လာပြီ။ Aiden ကိုကုသဖို့တစ်နည်းနည်းတော့ရှာတွေ့မှာပါ"

"ဟုတ်ကဲ့" Xiwei ကခေါင်းငြိမ့်လိုက်ပြီးဆက်မေးလိုက်တယ် "ဆရာမ ပင်မဆဲလ် တွေကိုသူ့ရဲ့ ဆွေမျိုးတွေဆီကနေ ယူရမယ်လို့ ဆရာဝန်ကပြောတယ်။ တခြားသူဆီကနေရော ယူလို့မရဘူးလား"

တခြားသူစိမ်းစီကနေ တူညီတဲ့ ပင်မဆဲလ် တွေ့ဖို့ဆိုတာရှားပေမယ့်လည်း ဖြစ်နိုင်ချေရှိသေးတယ်။ Xiwei အရင်တုန်းက လူတစ်ယောက်က သူစိမ်းစီကနေ တူညီတဲ့ ပင်မဆဲလ်  ရရှိတာကို ကြားခဲ့ဖူးတယ်။နှစ်ပေါင်းများစွာကြာပြီးနောက်မှာ ဆေးပညာက တိုးတက်လာပြီဖြစ်လို့ သွေးကင်ဆာ ကိုကုသဖို့က အရင်ဘဝထက်ကောင်းမွန်လာပြီမဟုတ်ဖူးလား။

 <ဘာသာပြန်>Where stories live. Discover now