17

1.4K 220 32
                                    

[ Unicode ]

"ကျွန်တော်မနေ့က Chanyeol အခန်းထဲဝင်မလာခင် အိပ်ပျော်‌သွားဖို့ဆုတောင်းနေခဲ့တာ..."

ကုတင်တဖက်ဆီတွင်လှဲနေရင်း Baekhyunထံမှ စကားသံလေးထွက်လာလေသည်။

"တကယ်လည်း ငါဝင်လာတော့ မင်းအိပ်ပျော်နေပြီ"

"နေရခက်လောက်မယ်ထင်လို့လေဗျာ..."

မျက်လုံးတွေမှိတ်ထားရင်းနဲ့မှ Chanyeolခေါင်းတငြိမ့်ငြိမ့်လုပ်လိုက်မိသည်။

"ဒါပင်မဲ့လည်း အခုက ထင်သလောက်မဆိုးပါဘူး ခိခိ"

နောက်ဆက်တွဲကြားလိုက်ရသော ရယ်သံကြောင့် Chanyeolမျက်လုံးဖွင့်ကြည့်မိသည်။

ပက်လက်ကလေးအိပ်နေတဲ့Baekhyunက စောင်ကိုရင်ဘတ်ကနေကျော်လွန်က လည်ပင်းနားအထိကိုဆွဲခြုံထားပြီး လက်ကလေးဖြင့်စောင်စကိုဆွဲထားသေးသည်။

"Baekhyun... မင်း ဦးနှောက်ရောမှန်ရဲ့လား"

Baekhyunက မျက်လုံးလေးလှုပ်ရုံမျှလှမ်းကြည့်လာကာ...

"ဒီတိုင်းပါ... ကိုယ်သဘောကျတဲ့လူရဲ့ဘေးမှာ ယှဉ်အိပ်ရတာ တမျိုးတော့ တမျိုးပဲ"

"Byun Baekhyun!
မင်း..! အိပ်တော့! မင်း အိပ်လိုက်တော့!"

ပြောပြီးချင်းချင်း Chanyeol ထိုကောင်လေးအား ကျောပေးလိုက်မိသည်။

ဒါတောင် နောက်ကျောဘက်ဆီမှ "ကျွန်တော် အခု Park Baekhyunဖြစ်နေပါပြီနော်"ဆိုတဲ့ အသံလေးကိုကြားလိုက်ရသေးသည်။

ဒီကောင်လေးက တခါတရံသူ့ကို နေရခက်အောင်လည်း လုပ်တတ်သည်ပဲ...။

"Good nightနော် Chan~"

"အင်း... Good night"

                  ~~ Nonchalance ~~

ဒီနေ့တော့ Chanyeolက ကုမ္မဏီသွားလေသည်။ Baekhyunနဲ့ မနက်စာအတူစားကြပြီး အတူအိမ်မှာထွက်လာခဲ့ကြတာပင်။ Baekhyunက တစ်ယောက်တည်းနေခဲ့ရမည့်အစား သူ့မိဘအိမ်မှာဝင်နေခဲ့ချင်သည်လို့ပြောတာကြောင့် အရင်‌‌ဆုံး Baekhyunအား ဝင်ပို့ရလေသည်။ ပြီးမှသာ Chanyeolက ကုမ္မဏီသို့ရောက်‌၏။

မဂ်လာပွဲအကြောင်းသိပြီးပြီဖြစ်တဲ့ ဝန်ထမ်းတွေဟာ မနေ့ကCEOတစ်ယောက်ကုမ္မဏီရောက်မလာခြင်းနဲ့ပတ်သက်ပြီး ဝိုင်းစနေကြသည်ကြောင့် Chanyeolမှာ အခန်းထဲကကိုမထွက်ပဲနေနေရသည်။

NonchalanceWhere stories live. Discover now