15

6.2K 703 87
                                    

[ Unicode ]

"ငါ တမင်မပြောတာမဟုတ်ပါဘူးဆိုနေ"

Baekhyunမှာ ဘယ်လိုပဲရှင်းပြရှင်းပြ Boyoungက စိတ်ဆိုးနေဆဲပင်။
အကြောင်းကတော့ မဂ်လာကိစ္စကို အစောတည်းကမပြောပြပဲ ဖိတ်စာရမှသိရ၍တဲ့လေ....။

"Boyoungရာ.... ငါလည်း ရုတ်တရက်ကြီးသိခဲ့ရတာ
နောက်ပြီး အဲ့ဒီကိစ္စကြောင့်နဲ့ ငါဘယ်လောက်အတွေးတွေများခဲ့ရလဲ နင်သိလို့လား
နင်ရော ငါ့ကို အဆက်သွယ်လုပ်လို့လား
Hyungsik hyungနဲ့ပဲ သွားသွားတွေ့နေပြီးတော့"

Baekhyunပြောလာသည်ကလည်း အမှန်တရားဖြစ်နေတာကြောင့် Boyoungက တထစ်လျော့ပြီး လှည့်ကြည့်လာသည်။

"အဲ့တော့ အခုတကယ်ကြီး နင်ကအိမ်ထောင်ပြုတော့မှာပေါ့... အဲ့ Park Chanyeolဆိုတဲ့သူနဲ့"

Boyoungရဲ့စကားကြောင့် Baekhyunရင်တွေခုန်လာရသလို...။
အခုချိန်ထိ ဒါဟာ အိမ်မက်တစ်ခုလိုပဲ ထင်မိနေတုန်းပင်။

"အွန်း.... ဖိတ်စာကို Hyungကိုလည်းပေးပေးဦးနော်
ကိုယ်တိုင်ပေးဖို့ကျတော့ သူကလည်းမအားတာနဲ့"

"အွန်းပါ ပေးလိုက်ပါ့မယ်"

Boyoungက ဖိတ်စာလေးကိုဖွင့်ကြည့်နေတော့ Baekhyunလည်းလိုက်ကြည့်လိုက်သည်။
အဝါရောင်ဖိတ်စာလေးပေါ်တွင်
Park Chanyeol & Byun Baekhyun
ဆိုတဲ့ နာမည်လေးတွေက အထင်းသား....။

"Park Chanyeolကရော နင့်ကို ချစ်တယ်တဲ့လား"

လှိုက်ခုန်နေသော ရင်ဘတ်အစုံသည် မီးတောက်ကိုရေနဲ့ပက်ချလိုက်သည့်အတိုင်းပင် ရုတ်ချည်းငြိမ်ကျသွားသည်။
အထက်ရောက်မှ အောက်သို့ပြန်ပစ်ချခံလိုက်ရသလိုခံစားချက်သည် ဆိုးရွားလွန်းသည်။

"ငါမသိဘူး Boyoung"

မျက်နှာပျက်သွားတဲ့Baekhyunကို Boyoungနှစ်သိမ့်ဖို့စဥ်းစားလိုက်ရသည်။
သူမစိတ်ထဲ Park Chanyeolဆိုတဲ့လူအပေါ်ကိုလည်း မကျေမနပ်ဖြစ်မိသည်။

သူက ဘာမို့လို့ Baekhyunရဲ့ခံစားချက်တွေကို ချုပ်ကိုင်နိုင်ရတာလဲ။
ပျော်ပျော်နေတတ်တဲ့သူမရဲ့ သူငယ်ချင်းက သူ့ကြောင့်နဲ့တင် အကြိမ်ကြိမ်စိတ်ပင်ပန်းနေရတာ....။
တစ်ကြိမ်တစ်ခါလောက်တော့ Park Chanyeolဆိုတဲ့လူနဲ့မျက်နှာချင်းဆိုင်တော့ပြီး မေးကြည့်ချင်ပါသေးရဲ့...။
Baekhyunကို ပြန် ​ပြီးမချစ်ပေးနိုင်တာ ဘာအကြောင်းပြချက်ကြောင့်များလဲလို့။

NonchalanceWhere stories live. Discover now