19

1.3K 197 35
                                    

[ Unicode ]

A/N : ရှေ့မှာ တပိုင်းရှိသေးတယ်နော်.. ကျော်ခဲ့မှာစိုးလို့ ><

----------

Chanyeolသည် အခုထိ အလုပ်ထဲစိတ်နစ်လို့ ရတချက်၊ မရတချက်ဖြစ်နေသည်။ အကြောင်းအရင်းကတော့ Baekhyunကြောင့်ပင်။

ဒီနေ့က Baekhyunနဲ့သူ လက်ထပ်ခဲ့တာ တလပင်ပြည့်သွားပြီဖြစ်သည်။ မနက်တိုင်း Chanyeolက ကုမ္မဏီလာလျှင် Baekhyunအား ယောက္ခမအိမ်တွင်ဝင်ပို့ခဲ့ရပြီး၊ ကုမ္မဏီမှပြန်လျှင် ဝင်ကြိုရသည်။ တခါတလေတော့လည်း Baekhyunက မပြောမဆိုနှင့် Chanyeolရဲ့ကုမ္မဏီကိုရောက်လာတတ်သေးသည်။ ပိတ်ရက်တွေမှာတော့ Baekhyunကြည့်သည့် ရုပ်ရှင်တွေကို Chanyeolလည်းအတူလိုက်ကြည့်မိသည်။ တ‌ခါတလေ ဈေးအတူထွက်ဝယ်ဖြစ်သည်။ တခါတလေကျတော့ Baekhyunမိဘတွေဆီလိုက်သွားပြီး နေ့လည်စာဖြစ်ဖြစ် အတူစားဖြစ်ကြသည်။

ဒါတွေဟာ ပုံမှန်လိုပဲဖြစ်လာခဲ့သည်။
ပုံမှန်လိုမဟုတ်ပဲ ဖောက်လွဲဖောက်ပြန်ဖြစ်လာတာကတော့ သူ့ရဲ့စိတ်ပင်။ သူ့ရဲ့စိတ်တွေဟာ လွန်ခဲ့တဲ့နှစ်တွေကနဲ့မတူပဲ တအားကိုပြောင်းလဲလာတာကြောင့် အဲ့ဒီအပေါ် Chanyeolစိတ်အလိုမကျဖြစ်မိသည်။

အဆိုးဆုံးကတော့ Baekhyunအပေါ် အမှားတွေလုပ်ခဲ့မိတယ်ဆိုတဲ့စိတ်ကဒီရက်တွေထဲ သူ့နောက်ကို အရိပ်ကြီးလိုလိုက်နေခဲ့သည်။ ဒီတိုင်းဆို အဆင်ပြေပင်မဲ့၊ Baekhyunက သူ့အားတောက်တောက်ပပလေးပြုံးပြတာ မြင်လိုက်ရသည့်အခါမျိုး...၊ သူ့အား မျက်ဝန်းကြည်ကြည်လေးတွေနဲ့ငေးမောနေတတ်တာကို မြင်လိုက်ရသည့်အခါမျိုး...၊ အဲ့လိုအချိန်တွေဆို သူ့စိတ်ထဲ နေရတာ ခက်လွန်းသည်။ အဲ့ဒီခံစားချက်ကို သူကိုယ်တိုင်လည်းမပြောပြတတ်ဘူး။

နောက်ပြီး... လူတစ်ယောက်ကို ဘယ်လိုချစ်ပေးရမလဲ သူမသိဘူး။ ဒီစကားကို Jonginကိုထုတ်ပြောတုန်းက သူပိုးစိုးပက်စက်အဆဲခံလိုက်ရသေးသည်။ ဒါပင်မဲ့ တကယ်ကို သူ့အတွက် ချစ်ခြင်းမေတ္တာကို ဘယ်လိုပုံဖော်ရမလဲ သူမတွေးတတ်ဘူး။ ဘဝမှာ နွေးထွေးတဲ့ချစ်ခြင်းမေတ္တာမျိုးနဲ့ ဖေဖေနဲ့ မေမေကိုပဲ သူချစ်ခဲ့ဖူးတာ..။ ဒါတောင် နှစ်တွေအတော်ကြာခဲ့ပြီပဲ။ ဖေဖေနဲ့မေမေ သူ့မျက်စိရှေ့‌တင်ဆုံးသွားပြီးကတည်းက သူ့အတွက် ချစ်ခြင်းမေတ္တာပေးရမယ့်လူဆိုတာ မရှိတော့ဘူး။

NonchalanceTahanan ng mga kuwento. Tumuklas ngayon