Extra

1.1K 145 4
                                    

[ Unicode ]

Chanyeolထံမှ "ချစ်တယ်"လို့ ဖွင့်ပြောခံရပြီးနောက်တွင် Baekhyunမှာ ကိုယ့်ကိုကိုယ်ယုံကြည်ချက်တွေရှိလာခဲ့သည်။ အမြဲတမ်းလိုလို Chanyeolစိတ်ဆိုးမှာကြောက်နေမိခဲ့ရာမှ အခုဆို Chanyeolကိုပြန်၍ စိတ်ဆိုးစိတ်ကောက်ရဲလာသည်။ သူစိတ်ဆိုးစိတ်ကောက်လုပ်ကာ စကားမပြောဘဲနေသည့်အခါမျိုးတွင် မနေတတ်သည့်ပုံဖြင့် လိုက်ချော့တတ်သည့်Chanyeolရဲ့ပုံစံဟာ Baekhyunအတွက် စိတ်ခံစားချက်အသစ်အဆန်းလေးပင်။ ဘယ်သောအခါမှရိုးသွားမည်မဟုတ်လောက်...။ အဲ့တာကြောင့်ပဲ Baekhyunက အကြောင်းမရှိအကြောင်းရှာကာ စိတ်ကောက်တတ်သေးသည်။

"အဲ့တော့ Chanyeolက ကျွန်တော့်ကို အော်တာလား"

"ကိုယ် Baekhyunကို အော်တာမဟုတ်ဘူးလေကွာ။ မဖြစ်နိုင်တဲ့အခြေအနေကို ရှင်းပြတာလေ"

ဖြစ်နေသည့်ပြသနာသည် Baekhyunတစ်ယောက် ညနေပိုင်းဒိတ်လုပ်ချင်သည့်ပြသနာကအစပြုသည်။ တကယ်တော့ Chanyeolကိုယ်တိုင်ကလည်း ဒီနေ့ညနေဒိတ်လုပ်ဖို့အတွက် လွန်ခဲ့သည့် နှစ်ရက်လောက်က ကတိပေးခဲ့တာဖြစ်သည်။ သို့သော်လည်း အရေးပေါ်သွားတွေ့ရမည့်ဧည့်သည်ရှိလာ၍ ဒိတ်လုပ်မည့်အစီအစဉ်အားဖျက်ဖို့ဖြစ်လာရလေသည်။ ထိုအပေါ်Baekhyunက မကျေနပ်တော့...။ ဤသို့ဖြင့် နှစ်ယောက်ကြားမှ ရန်ပွဲသေးသေးလေးဟာစတင်ခဲ့လေတော့သည်။

"Chanyeolပဲ ကျွန်တော့်ကို ကတိပေးခဲ့တာလေ။ ကျွန်တော့်မှာ ဒီရက်ရောက်ဖို့ကို စိတ်ကူးတွေတောင်ယဉ်ခဲ့တာ...။ အဲ့တာကို အခုမှ ရုတ်တရက်ကြီး..."

Baekhyunသည် ပြောရင်းနှင့်မှ မျက်ရည်ဝဲစပြုလာ၏။

"Baekhyunee... မငိုနဲ့"

Chanyeolဟာ အလုပ်နဲ့ ချစ်ရသူကြား ဝေခွဲရခက်ကာ စိတ်ရှုပ်နေရာမှ မျက်တောင်တဖျပ်ဖျပ်ခတ်ကာ အရည်ကြည်တို့လဲ့လာသည့်မျက်ဝန်းတွေအားမြင်လိုက်ရချိန်တွင် အသက်ကိုဝဝရှုသွင်းလိုက်ကာ သက်ပြင်းချရှာ၏။ အနီးနားမှ ဆိုဖာခုံတွင်ဝင်ထိုင်လိုက်ကာ...

"လာ... ဒီကိုခဏလာပါဦး၊ ကိုယ့်ဆီ"

လက်နှစ်ဖက်ဟာဆန့်တန်းကာခေါ်မိတော့ အလိုမကျဖြစ်ကာ ငိုမဲ့မဲ့ဖြစ်နေသည့်ကောင်လေးဟာ မဝံ့မရဲဖြင့် Chanyeolဘေးတွင် ကပ်ထိုင်လာလေသည်။ ပုခုံးမှလှမ်းဖက်ကာ ရင်ခွင်ထဲဆွဲသွင်းလိုက်တော့...

NonchalanceDonde viven las historias. Descúbrelo ahora