7

5K 745 52
                                    

[ Zawgyi]

"ကျွန်တော့်ကို ကလေးလို့မြင်နေတာတွေ.... ရပ်တန့်ပေးလို့ မရဘူးလား Chan..."

Chanyeolနှုတ်ခမ်းတို့ တိတ်ဆိတ်နေမိသည်။

ကောင်လေး၏စကားကြောင့် Chanyeolလက်ဖျားတွေအေးစက်လာသယောင်ခံစားလိုက်ရသည်။

"ထားပါတော့!
ခဗျားလည်း ကျွန်တော့်ကြောင့်အလုပ်ပိုနေရပြီထင်တယ်...
ကျွန်တော် အဆင်ပြေနေတာကြောင့် နောက်ရက်တွေ လာမကြည့်လည်း ဖြစ်ပါတယ်"

Baekhyunသည် သူ့အားမကြည့်ဘဲ ပြတင်းပေါက်အပြင်ဘက်ကိုသာငေးရင်းပြောလာသည်။

"တကယ်ပဲ ငါမလာလည်း မင်းအဆင်ပြေမှာလား?"

ဘေးတစောင်းမြင်နေရသော Baekhyun၏ မျက်တောင်လေးတို့ ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားတာမြင်လိုက်ရသည်။

"ဒါ... ဒါကတော့.... ကျွန်တော်... ကြိုးစားကြည့်မှာပေါ့"

"Baekhyun....."

Chanyeol၏ ခေါ်သံကြောင့် Baekhyunမဝံ့မရဲကြည့်လာသည်။

"မင်း စာမေးပွဲတအားနီးနေပြီလေ
စာသေချာလုပ်နော်...
ငါ......"

Chanyeolပြောရကောင်း မပြောရကောင်းတွေဝေနေသည်။
နောက်.... Mr.Byunသည် မိမိ၏ကျေးဇူးရှင်...
ထိုကောင်လေး ဆေးရုံပေါ်ရောက်ခဲ့သည်ကမိမိကြောင့်!
ထိုအချက်တွေသည် ခေါင်းထဲအစီအရီဝင်ရောက်လာသောအခါ....

"ငါ.... စေ့စပ်ပွဲကို ငြင်းကြည့်ပါဦးမယ်!
မင်းသာ နေကောင်းအောင်နေပြီး စာမေးပွဲမှာ အမှတ်ကောင်းရအောင်ဖြေနော်!"

နွေးထွေးမှုပါနေသော Chanyeol၏စကားတွေကြောင့် Baekhyunမှာ ရင်ထဲသိမ့်ခနဲပင်။

ကြားထဲဝင်လာသောအတွေးသည် Chanyeolက သူ့ကိုသနားသွားတာလားဆိုသည့်အတွေးပင်။
ဘာရယ်မဟုတ် တွေးမိသော အတွေးသည်ပင် နာကျင်ရပြန်သည်။

Chanyeol သူ့အားသနားတာ သူမလိုချင်။
သို့ပင်မဲ့ တစ်ဖက်ကလှည့်တွေးပြန်တော့ Chanyeollieက မင်္ဂလာပွဲကိုငြင်းမည်ဆိုတော့ သူကျေနပ်သည်။

"ဗိုက်ကသက်သာရဲ့လား?
အရမ်းလှုပ်လှုပ်ရွရွမနေနဲ့ဦးနော်!
မင်းကနဂိုကမှ အငြိမ်မနေတတ်တာ....!"

NonchalanceWhere stories live. Discover now