12

4.6K 722 34
                                    

[ Zawgyi ]

"အဲ့တော့ မင်းက Baekhyunဆိုတဲ့ ကလေးကို သဘောကျနေပြီပေါ့"

"မဟုတ်ဘူး
သဘောကျတယ်ဆိုတဲ့အထိ မဟုတ်သေးဘူး"

Jonginက Chanyeolဆီရောက်လာပြီဆိုတိုင်း မေးသည့်ကိစ္စက Baekhyunအကြောင်းပင်။
သူကလည်း ဖြစ်သမျှကိုပြန်ပြောပြတော့ Jonginက မှတ်ချက်ပေးလာသည်။

"ငါတို့ ငယ်ငယ်ကဖတ်ဖူးတဲ့ ဝတ္ထုတွေ ကဗျာတွေထဲပါတယ်မဟုတ်လား...
တစုံတယောက်ကိုချစ်မိရင် အဲ့လူပြုံးနေရင်ကိုယ်ပါလိုက်ပြုံးမိပြီးကျေနပ်နေတယ်ဆိုတာမျိုးကို အဲ့ကလေးနဲ့မှလက်တွေ့ကျကျမြင်လိုက်ရလို့....ဒီအတိုင်း.... ဒီအတိုင်းပဲ အဲ့အချစ်ဆိုတာကို နားလည်ချင်ယုံပဲ"

မျက်စိရှေ့က ငူငူငိုင်ငိုင်လုပ်နေသော Chanyeolကို Jongin ထပြီး နှစ်ချက်လောက်ဆင့်ထိုးပစ်လိုက်ချင်သည်။

"မင်းအသက်အရွယ်က ငယ်တော့တာမဟုတ်ဘူး Chanyeol
28ထဲဝင်နေပြီ! အိမ်ထောင်ပြုရင် ပြုသင့်တဲ့အရွယ်ရောက်နေပြီ!
မင်းဘဝအတွက် မင်းဆုံးဖြတ်"

ရုပ်တည်နဲ့ဟောက်ပေးလိုက်တော့လည်း ငယ်ကျသွားသည့်မျက်နှာလေးက သနားစရာ....။

"ငါ့ကို Mr.Byunက ညနေတွေ့ဖို့ချိန်းထားတယ်
သေချာပေါက် Baekhyunနဲ့ ပတ်သက်တာပြောမယ်ထင်တယ်"

Chanyeolတို့ ဇာတ်လမ်းက တကယ်ကိုရှင်းရှင်းလေးနဲ့ ရှုပ်နေသည်ဟု Jonginတွေးလိုက်မိသည်။
Chanyeolဘက်က ကောင်လေးအပေါ်ခံစားချက်တွေကို ရှင်းရှင်းလင်းလင်းသိအောင်လုပ်ပြီး ပြတ်ပြတ်သားသားဖြစ်စေလိုက်ရင် ပြီးနေပြီဟာကို အဲ့ဒီ့ Park Chanyeolဆိုတဲ့အကောင်ကိုက မပြတ်မသားနဲ့။
Jonginလည်း သက်ပြင်းချရုံကလွဲရင် မတတ်နိုင်တော့...။

                 ~~ Nonchalance ~~

Baekhyunတစ်ယောက် နေမထိထိုင်မသာဖြင့် ကုတင်ပေါ်ဟိုဘက်လှိမ့် ဒီဘက်လှိမ့်ဖြစ်နေတော့ BoYoungမှာ မျက်စိတွေပင်နောက်ချင်လာသည်။

"အခုဖုန်းဆက်လိုက်ဟာ!
နင့်လူကြီးကို အခုချက်ချင်းဖုန်းဆက်ပြီး လက်ထပ်ခွင့်တောင်းတာကို လက်ခံတယ်ပြောလိုက်!"

ငယ်သူငယ်ချင်းဖြစ်သူရဲ့ အားပေးစကားကြောင့် Baekhyunလှဲနေရာကနေ ထထိုင်မိလိုက်သည်။

NonchalanceWhere stories live. Discover now