11

4.8K 709 35
                                    

[ Zawgyi ]

Chanyeol၏ကားလေး ဆောင်ယူမိဘမဲ့ဂေဟာခြံဝင်းလေးထဲ ဝင်လာသည်နှင့် သတိထားမိလိုက်ကြသော ကလေးငယ်တစ်ချို့က ပျော်ပျော်ရွှင်ရွှင်ပြေးလာကြသည်။

ကားပေါ်က Chanyeolဆင်းလိုက်သည်နှင့် ကလေး ဆယ်ယောက်ကျော်လောက်က Chanyeolအားပြေးဖက်ကာ ကြိုဆိုကြသည်။

"အာဂျူးရှီးက ဒီနေ့လာမယ်ဆိုလို့ မီးမီးတို့က မျှော်နေတာရယ်"

ဆံပင်နှစ်ဖက်ခွဲစီးထားကာ ပန်းနုရောင်ဂါဝန်လေးဝတ်ထားသော ကလေးမလေးက Chanyeolရဲ့ လက်မကို သူ့လက်ကလေးသေးသေးလေးဖြင့်ဆွဲရမ်းရင်းပြောလာသည်။

"ဟုတ်လား? အာဂျူးရှီးကိုမျှော်နေတာလား?"

"Nae!!!!"

ကလေးတွေ၏ တညီတညွှတ်ဖြေသံကြောင့် Chanyeolစိတ်လိုလက်ရပင် ရယ်မောလိုက်မိသည်။

"ချစ်ဖို့ကောင်းလိုက်ကြတာ"

Chanyeolက ကလေးလေးတွေရဲ့ခေါင်းလေးတွေကို ပွှတ်သပ်ပေးကာ သဘောတကျကျဖြစ်နေလေရဲ့။

"Chanyeolလေးတောင်ရောက်လာပြီကို"

ဂေဟာ၏အကြီးအကဲဖြစ်ပုံရသော ဆရာမကြီးကပင် Chanyeolထွက်ကြိုလေသည်။

"Baekhyun.... ကားနောက်ခန်းထဲက မုန့်ထုပ်တွေကို ကလေးတွေဆီ ဝေထားပေးနော်"

Baekhyunအား မှာခဲ့ပြီး ဆရာမကြီးရုံးခန်းထဲ Chanyeolလိုက်သွားကာ အလှူငွေထည့်ဖို့ စာရင်းပေးရသည်။

အမေက ဒီဂေဟာလေးရဲ့ ဆရာမတစ်ဦးဖြစ်ခဲ့တာကြောင့် အမေရှိစဉ်ကတည်းက Chanyeolခဏ ခဏ လိုက်လာဖြစ်တာကြောင့် စိမ်းနေတဲ့အရာဟူ၍ မရှိပင်။
အမေဖြစ်သူမှ ကြုံရင်ကြုံသလိုပြောပြတတ်တဲ့ ဂေဟာလေးက ကလေးငယ်လေးတွေရဲ့ဘဝရပ်တည်မှုအကြောင်းတွေကြောင့် Chanyeolရဲ့ ဘဝရည်မှန်းချက်က ကလေးတွေအား ထောက်ပံ့ဖို့ဖြစ်ခဲ့သည်။

တစ်နှစ်တစ်ခါ... ဒီလိုနေ့ရက်မျိုးဆိုရင် ဂေဟာလေးဆီကိုလာကာ ကလေးတွေအတွက်လိုအပ်တဲ့အရာတွေကို လာစီမံပေးတတ်သည်။
နောက်ပြီးရင် ကလေးတွေနဲ့ အဖော်လုပ်ပေးသည်။

မိသားစုမရှိတော့ပဲ တစ်ယောက်တည်းနေရတဲ့ Chanyeolအတွက် ဒီလိုအချိန်လေးကသာ တန်ဖိုးအရှိဆုံးပင်။

NonchalanceWhere stories live. Discover now